Unicode
ပိုးစုန်းကြူးလေးတွေ
ဖလပ်ဖလပ်နှင့် လှပနေသော
ညဦးယံ။ရက်ပိုင်းအတွင်း သိပ်မချုပ်ချယ်
တော့သော အရှင်ကြောင့်
အပြင်ထွက်လာသော ရိပေါ်။ဆောင်းတွင်းထဲရောက်ရှိလာပြီဖြစ်၍
နှင်းမှုန်ဖွေးဖွေးလေးတို့က ရိပေါ်ရဲ့
အင်္ကျီပေါ်သို့ ကျဆင်းနေသည်။"...ရိပေါ်...."
"....ကျဲကျဲ....."
"....မအေးဘူးလား...ရိပေါ်...."
"....ဟင့်အင်း....."
အဝေးမှလာတဲ့မှိန်ပျပျမီးအိမ်လေး
ကြောင့်မည်သူနည်းဟုလှမ်းကြည့်လိုက်သည်။"....ချင်းရန်ကျဲကျဲ....."
"...ရိပေါ်...."
"....ဟို...အရှင်ရောဟင်...?"
"...အရှင်...နန်းပြင်ထွက်သွားတယ်...."
".....တစ်ယောက်တည်းလား?.."
"....အင်း...."
"....ရိပေါ်..ဒီနှင်းတွေကအရမ်းလှပြီးနူးညံ့တာပဲနော်"
"....အင်း..."
"...ဒါပေမဲ့..ကြမ်းတမ်းတဲ့နွေရာသီရောက်လာရင်
နှင်းမှုန်တွေကပျောက်ကွယ်သွားမှာပဲ...ဟက်...သူများ
တွေကဆောင်းရာသီကိုကြမ်းတမ်းတယ်ထင်ကြတာ..ကျဲ
ကတော့လေ..နွေရာသီကပိုကြမ်းတမ်းတယ်လို့ထင်မိသလို
ပဲ...ရိပေါ်ရော?....""....ရိပေါ်ကတော့နှစ်ခုလုံးကိုကြိုက်ပါတယ်...သူ့အလှ
နဲ့သူအရေးပါတာပေါ့...နွေရာသီမှာနှင်းမကျပေမဲ့ပူနွေး
မှုလေးရှိတယ်လေ...သစ်ပင်တွေလည်းပေါက်တယ်...."ရိုးသားပါသောရိပေါ်သည်
ချင်းရန်၏စကားကိုနားမလည်ခြင်း။
ချင်းရန်၏ဆိုလိုရင်းမှာ
သဘာ၀တရားမှာရှောင်းကျန့်။
ဆောင်းရာသီက ချင်းရန်ဖြစ်နေပြီး။
နွေရာသီက ရိပေါ် ဖြစ်နေတဲ့သဘောမျိုး။ရိုးသားသော
ကောင်လေးကတော့မသိပဲ
စကားအနည်းငယ်လောက်ထပ်ပြောပြီး
အဆောင်ထဲ၀င်သွားလေရဲ့။------------
"....၀မ်ရိပေါ်..အေ့...အရမ်း..အေ့..
ချစ်..မုန်းတယ်..."အရက်ဆိုင်တွက် သေရည်အိုး
သုံးပုလင်းကုန်သည်အထိ ခွက်ပုန်းလာချသော
အရှင်။
