Unicode
"...ဒီတော့..ဘာအဓိပ္ပာယ်လဲ?..အမတ်ကြီး..."
"...သူ..သူက..ကျွန်တော့်ရဲ့...."
"...ဆက်ပြောလေ...."
".....ကြင်သူသက်ထားပါ...မင်း..မင်းကြီး...."
"....ဟက်!..ညားတာကြာပြီလား...?"
"...၅လပါမင်းကြီး..."
၅လဆိုတာသူရိပေါ်ကိုမဖမ်းခေါ်လာခင်
အချိန်ဖြစ်သည်။
ဘာလဲ?။
သူလျှိုလား။
ဒါမှမဟုတ် ၀မ်တိုင်းပြည်ရဲ့
စစ်နည်းဗျူဟာလား?။"...သူနာမည်က ကျူးကျန်းကျင့်ဆို..."
"...ဟုတ်ပါတယ်...မင်းကြီး..."
"...သူက၀မ်တိုင်းပြည်ရဲ့..ဘုရင့်ကိုယ်ရံတော်
ဆိုတာသိလား...?...""...ဗျာ..ဘယ်..ဘယ်လို..."
"...ဟုတ်တယ်လေ..မင်းယောကျာ်းက
၀မ်တိုင်းပြည်က..သူလျှိုပဲ...""..ကျွန်..ကျွန်တော်...."
ကြောင်အသွားသော
အမတ်ကြီးလျို့။
သူအံဩမိပါသည်။
သူ့ ချစ်ခင်ပွန်း လေးက
သူလျှိူတဲ့လား။
မဖြစ်နိုင်တာ....။"...သေချာပါရဲ့လား?..မင်းကြီး...."
"....သေချာတာပေါ့..အမတ်ကြီးရဲ့...."
"...ဘာဖြစ်လို့ပါလိမ့်?..."
"...သူက၀မ်ရိပေါ်အဖေရဲ့ကိုယ်ရံတော်မို့လို့လေ..."
"........."
"...မင်းယောကျာ်းရဲ့အကြောင်းကိုသေ
ချာလည်း..စုံစမ်းပါဦး...အဲ့တာခေါ်ပြောတာ..သွား
လို့ရပြီ...""...အမိန့်တော်အတိုင်းပါမင်းကြီး...ခွင့်ပြုပါဦး..."
နန်းဆောင်ထဲကထွက်လာပြီးနောက်
ဟိုင်ခွမ်းတစ်ယောက်
စိတ်နှင့်ကိုယ်မကပ်သလိုပင်။သူအလိမ်ခံရသည်တဲ့လေ။
သိပ်ချစ်ရတဲ့သူဆီက......။ဝေါ...🌧️
မိုးရွာချလာသော်လည်း
လျင်မြန်စွာမသွားနိုင်ပါ။မိုးရေထဲတွင်ဆက်လမ်းလျှောက်လျက်
မိုးရေထဲမှာ မျက်ရည်တွေကိုဖုံးဖိနေမိသည်။ကံကြမ္မာက မျက်နှာသာမပေးတဲ့အခါ
ချစ်ရသူအား မိမိလက်ဖြင့် နာကျင်စေတော့မည်......။