Unicode
"....ကျဲကျဲ...ရိပေါ်အဆောင်ပြင်ထွက်လို့ရလား?..."
"....ဟို...အဲ့ဒါက...."
"...မရဘူးလားဟင်...?"
"....ရ..ရပါတယ်..."
လန်ယွင် ဒီကလေးငယ်လေး
အတွက်ဒီတစ်ခါတော့အမိန့်လွန်ဆန်ကာ
အရဲစွန့်ပါရစေ.....။အဆောင်ပြင်မထွက်ရတာ
၁ပတ်လောက်ရှိပြီမို့ နေရောင်လေးအား
မျက်လုံးလေးမှိတ်ကာ ခံစားကြည့်လိုက်သည်။ခြေလှမ်းတို့က
ကျေးငှက်သံတို့ဝေဆာနေသော
ဥယျာဉ်တော်ဆီ။ပန်းပေါင်းစုံရနံ့သင်းပျံ့ပျံ့ရှိသော
ဥယျာဉ်တော်ကြီး။နေရောင်ထိုးနေသော
ကြောင့်အရောင်တလက်လက်ထနေသော
ရေကန်ကြီးရယ်။ကျေးငှက်သံသာသာယာလေးရယ်
က ရိပေါ်ကိုတစ်မျိုးပျော်စေပါသည်။"...လှလိုက်တာ....."
မိမိပုခုံးပေါ်လာနားသော
လိပ်ပြာဖြူလေးကြောင့်ရိပေါ်
သွားလေးတွေပေါ်အောင်
ပြုံးရယ်လိုက်သည်။တစ်ချိန်က ရှောင်းကျန့်နှင့်
အတူလိပ်ပြာဖမ်းခဲ့တာတွေ။
စိန်ပြေးတမ်းကစားခဲ့တာတွေ။
အဖေကမြှားပစ်သင်ခိုင်းလို့
ရိပေါ်ငိုနေချိန် ရှောင်းကျန့်ချော့ပေးခဲ့တာတွေကို
အမှတ်ရကာ ၀မ်းနည်းမိပြန်ပါသည်။သူ ကရက်စက်စိမ်းကားလာတတ်လိုက်တာ။
"....၀မ်ရိပေါ် !!!..."
"...အ..ရှင်..."
ဘယ်ကပေါ်လာမှန်းမသိသောအရှင်။
"..မင်းကိုဘယ်သူကအပြင်ထွက်ခိုင်းလို့လဲ...?"
"...ကျွန်တော်...."
".....လန်ယွင်လား?....."
"...မ..မဟုတ်ပါဘူး...ကျွန်..ကျွန်တော်က
ထွက်..ထွက်ချင်တယ်..ပြောလို့...ကျဲကျဲက.....""...ကျစ်..ထားလိုက်တော့......"
"...အရှင်...."
"...ပြောလေ...ဘာလဲ?..."
"....ဘာမှမဟုတ်တော့ပါဘူး...."
သိသိသာသာငြိုးသွားသော
သူ့မျက်နှာဘာကြောင့်ငြိုးသွားမှန်း
တော့မမေးချင်တော့ပါ။