Chapter 1 (UNICODE)

128 4 6
                                    

တိုးဝေ့နေသောလေပြေတို့ကို မျက်နှာမူရင်း တစ်နေ့တာ၏အစကို ချိုမြိန်သောအပြုံးဖြင့် အစချီနေသော လူသားလေးတစ်ယောက်။

အပြိုင်အဆိုင် မောင်းနေသောကားများကြောင့် တိုက်ခတ်နေသော လေတို့မှာ ထိုလူသားအပေါ်ကျရောက်လျက် အပြုံးပန်းတွေ ဝေဆာစေသည်။

စီးနင်းလာသော ကား၏ မောင်းနင်သူသည် ခရီးပန်းနေသောအရိပ်အယောင်များ ရှိနေသည်။

မြို့တွင်းရောက်လာသည်နှင့် ပိတ်ကျပ်လာသောကားလမ်းတို့ကြောင့် ကားကိုရပ်တန့်လိုက်ရသည်။ ကားရပ်လိုက်သည်မို့ တိုးဝေ့နေသောလေပြေတို့ ငြိမ်သက်သွားရသည်။

"ရန်ကုန်လို့ မပြောရဘူးနော်။ မြို့ထဲဝင်တာနဲ့ ကားလမ်းတွေကပိတ်တော့တာဘဲ။"

မီးပွိုင့်နီနေသောကြောင့် ကားရပ်ထားသည့်အပြင် အနောက်တွင်ရှိကားတစ်စီး၏ ဟွန်းသံမှာလည်းအဆက်မပျက်ထွက်နေသည်။

ကားပြတင်းပေါက်နား ခေါင်းလေးထွက်နေသော်လည်း မျက်နှာမှာ ဆူပုတ်ပုတ်လေးဖြစ်နေသည်ကို သတိထားမိသော မာတာမိခင်။

"သား။ ဘာတွေဆူပုတ်နေတာလဲ"

အမေဖြစ်သူက အဖက်တောင်မလုပ်ပဲ နှုတ်ခမ်းလေးဆူကာ လေပူလေးတွေမှုတ်ထုတ်လိုက်ပြီး အဝေးကိုသာ ဆက်ကြည့်နေလိုက်သည်။

"ဟ ငါ့သားလေးကဘာတွေအလိုမကျဖြစ်နေတာလဲ"

"သားသားက လေတိုက်ခံနေတာကို ဟို ဦးဦးကြီးကြောင့် လေမလာတော့ဘူး။ ဦးဦးကြီးက အကျင့်ပုတ်တယ်။"
ဟုဆိုကာ ကားပြတင်းပေါက်အပြင်ကို လက်ညိုးထိုးပြလေသည်။

"အော် သားကလည်း ဦးဦးကြောင့် မဟုတ်ပါဘူး။ ဟိုးကမီးလေးနီနေတယ့်တိုင်ကိုတွေ့လား။ အဲ့ဒီတိုင်ကြောင့်ပါသားရဲ့"

"သိဘူး။ လေမတိုက်တာဘဲသိတယ်။ ဟွန့်"

လက်ကြီးပိုက်ကာ ဆူပုတ်ပုတ်နှင့် ချွဲပြနေသော ကလေးတစ်ယောက်၏ အပြုအမူကား သိပ်ချစ်စရာကောင်းလှသည်။

"ခဏလေးဘဲစောင့်ပါ သားရယ်။ ခဏလေးနေရင်လေပြန်တိုက်လိမ့်မယ်နော်။ "

REMEMBER WHENWhere stories live. Discover now