၎ (z+u)

52 5 4
                                    

ဦး ၎


"မာမီ..သားဒီမှာမနေချင်တော့ဘူးအိမ်ပြန်ချင်တယ်''

"သားလေးရယ်..နေကောင်းသေးတာလဲမဟုတ်ပဲနဲ့ ခဏလေးအောင့်ပြီးနေလိုက်ပါ..နော်''

"သားဘာမှမဖြစ်တော့ပါဘူး...ဒယ်ဒီလာရင်ပြန်ကြရအောင်လေ.. ​နော်''

နည်းနည်းသက်သာလာပြီးကတည်းကအိမ်ပြန်မယ်ဆိုပြီးတကျီးကျီးလုပ်နေသည့်ရှိုင်း'ကို မေမေမရမကနားချဖို့ကြိုးစားနေရသည်

"အင်..ဆရာဝန်လာရင်မေမေပြောပေးမယ်နော်သား
တစ်ကယ်လို့ဆရာဝန်က မရသေးဘူးလို့ပြောရင် သားမဆိုးရဘူးနော်''

"ဟုတ်''

မျက်နှာလေးမဲ့ကာ တငူငူတငိုင်းငိုင်းဖြစ်နေသည့်သားကိုမကြည့်ရက်သည့်အဆုံး မေမေအရှုံးပေးလိုက်ရသည်..ငယ်ငယ်ကတည်းကခဏခဏနေမကောင်းဖြစ်ကာဆေးရုံးအမြဲရောက်နေရသည့်အချိန်မှစ၍ ဆေးရနံ့တွေသူအရမ်းမုန်းတတ်လာပြီးဆေးရုံအကြောင်းကြားရင်မျက်နှာအလိုလိုမဲ့တည်လာသည့်အထိပင်

စိတ်မကောင်းစရာတစ်ခုပြန်တွေးရမည်ဆိုလျှင်လွန်ခဲ့သည့်ဟိုး.. ငယ်ငယ်ကတည်းကအချိန်တွေဖြစ်၏

မွေးကတည်းကသာမန်သားယောက်ကျားလေးတွေနှင့်မတူ..
ထို့ထက်ပိုဆိုးသည်မှာ တုန်လှုပ်ယုယမိလွန်းတာများလို့ဖြစ်မည်.. ခဏခဏနေမကောင်းလည်းဖြစ်၏

ဖြူဖြူဖျော့ဖျော့နှင့်မှတစ်ကယ့်ကိုသေးသေးကလေးပင်..သုံးလေးနှစ်သားအရွယ်လေးကတည်းကပါရဂူကြီးတွေနှင့်တိုင်ပင်ပြီး အားဆေးအမျိုးအမည်စုံလင်အောင်တိုက်ကျွေးဖူးသော်လည်းရလဒ်မှာဘာမှဖြစ်ထွန်းမလာခဲ့

မှတ်မှတ်ရရ မူကြိုစတက်တုန်းကဖြစ်၏..
ပထမနေ့မှာတင်အိမ်ကိုမျက်နှာညှိုးလေးဖြစ်ပြန်လာသည့်သားလေး..သန့်သန့်ပြန့်ပြန့်ကြိုက်သည့်သားလေးက အင်္ကျီိ
မှာလက်အရာမည်းမည်းလေးတွေနှင့်မြင်မကောင်းအောင်ပေကျုံးနေ၏

သူဘာပင်ဖြစ်နေနေအိမ်ကိုပြန်မပြောပြတတ်သည်က စကားစပြောတတ်ကတည်းကကပ်ပါလာသည့်အကျင့်ဆိုးတစ်ခုလို့ဆိုရ‌ပေမည်..ထို့ကြောင့် ထိုနေ့မှာသားကိုဘာမှမမေးဖြစ်ခဲ့

ဦးWhere stories live. Discover now