၈ (z+u)

55 5 9
                                    


ဦး ၈

နေ လှဲနေရာမှထထိုင်ရင်း ထုံကျင်နေသည့်လက်မောင်းတစ်ဖက်ကိုဖိထားလိုက်သည်..ကိုယ်ထဲမှထွက်သွားသည့်သွေးတွေဟာထိုကောင်လေးအတွက်လုံလောက်ပြီလို့ သူနာပြုပြောသံကြားတော့အတော်လေးပီတိဖြစ်မိ၏..စီးပွါးရေးလောကအတွင်းမှာသာကျင်လည်နေခဲ့ရသူမို့ ကိုယ့်သွေးဖြင့်ပထမဦးဆုံးလူ့အသက်ကယ်ဖူးခြင်းလည်းဖြစ်သည်

ချထားပြီးတိုင်းပြန်မပြင်တတ်သည့်ဆုံးဖြတ်ချက်ဟာ ဘဝ၏နိယာမဖြစ်သည်.. တစ်ဆုံတရာအတွက်အနှောက်အနှေးဖြစ်မိမှာစိုးသဖြင့်ဖုန်းပိတ်ထားခဲ့ပြီ ပြန်ဖွင့်ကြည့်လိုက်သည့်အခါမှာ ထင်ထားခဲ့သည့်အတိုင်းပင်မေမေနှင့်အိမ်ကဖုန်း စက်ခရင်အပြည့်နေရာယူထားခဲ့သည်

"နေ'ဘာလို့ဖုန်းပိတ်ထားတာလဲ သားတစ်ခုခုဖြစ်တယ်ထင်ပြီမေမေတို့အရမ်းစိတ်ပူနေတာသားရဲ့''

နေ ဖုန်းကိုနားကပ်လိုက်သည်နှင့်မေမေ့၏စိုးရိမ်တကြီးအသံတွေကိုကြားလိုက်ရ၏..တစ်ဖက်မှာချက်ချင်းဖုန်းကိုင်လိုက်ခြင်းဟာ မေမေသူ့စီကဖုန်းတစ်ချိန်လုံးစောင့်ဆိုင်းနေခဲ့မှန်း ​ပြေးကြည့်စရာပင်မလိုတော့ပေ

"မေမေစိတ်အေးအေးထားနော် ကျွန်တော်ဘာမှမဖြစ်ဘူး..
ပြဿနာနည်းနည်းကြုံလို့ အခုအားလုံးအဆင်ပြေနေပါပြီ
အားလုံးပြီးရင် ချက်ချင်းပြန်လာခဲ့ပါ့မယ်''

နေ'အသံကြားမှ မေမေဟာစိတ်အေးသွားပုံရ၏

" အလုပ်ကိစ္စပြဿနာရှိခဲ့လို့လားသား
အဲတာဆိုအဆင်ပြေမှပြန်လာပါ..ကားမောင်းတာလည်းအလျှင်မလိုနဲ့နော် ဂရုစိုက်ပြီးမောင်း''

"ဟုတ်မေမေ..
ဟိုလေ ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော့်ကြောင့် ဖေဖေနဲ့မေမေမျက်နှာပျက်ခဲ့ရပြီ''

ထိုသို့ပြောအပြီး မေမေ့ဆီမှသဘောကျသလိုခပ်ထေ့ထေ့ရယ်သံကြားလိုက်ရတော့ နေ'နားမလည်ဖြစ်သွား၏

"မေမေ"

သူ့သားသိလျှင် ပျော်ပြီးဖြစ်လာမည့်ရုပ်ရည်ကြီးကိုမြင်ယောင်လာတော့ မေမေမရယ်ပဲနေရော့လား

ဦးWhere stories live. Discover now