ဦး ၆
"အဲတာဘယ်လဲ''
အိမ်ထဲကထွက်ဖို့အပြင် ရုတ်တရက်ထွက်လာသည့်အသံသြသြကြီးကြောင့်သူခိုးလူမိသွားသည့်ရှိုင်း' ခြေလှမ်းရပ်သွားသည်
'မာမီကလွဲးတစ်အိမ်လုံးကိုလွှမ်းမိုးနိုင်တဲ့ သြဇာအသံရှင်ကဘယ်သူဖြစ်နိုင်မလဲ'
ထိုးဖောက်ဝင်လာသည့်ထိုအသိက ကြောက်စေတယ်ဟုတ်ဝန်မခံနိုင်သော်လည်း လူကိုနည်းနည်းခြောက်သွားသလို...အသက်အောင့်ကာအနောက်သို့တဖြည်းဖြည်းလှည့်လိုက်တော့ မြင်လိုက်ရသည့်လူတစ်ယောက်ကြောင့် ရှိုင်း'မျက်နှာတစ်ခုလုံးမဲမှောင်စေဖို့ စွမ်းဆောင်သွားသည်
"ဟီး...အကိုလေး သင်းသင်း'ပါ''
သူမဟာထိုသို့ပြောပြီး သဘောတကျပြုံးဖြီးနေရဲ့..ဆန့်ကျင်ဘက်သူ့အကိုလေးဆိုသူမှာတော့ ပုဆိန်နှင့်ပေါက်ရင်တောင်မဝင်သည့်မျက်နှာထားဖြင့် သုံးဆယ့်နှစ်ချောင်းစလုံးပေါ်နေသည့်သူ့မ'သွားတွေကို တစ်ချောင်းမကျန်ရိုက်ချိုးချင်စိတ်ပေါက်နေမှန်းကိုတော့ သူမ မသိခဲ့ပါလေ
ပေါက်ကွဲးလုနီးနီးအတွင်းမိုင်းတစ်လုံးကို ရှိုင်း'မရမကထိန်းချုပ်လိုက်ရ၏..သူမနှင့်ရန်ဖြစ်နေဖို့ အချိန်မဟုတ်သေး
"အကိုလေး ဘယ်သွားမှာလဲဟင်''
"ငါ့''
'နေဦး သူကဘယ်သူ ငါ့ကဘယ်သူလဲ'
ဘာပြောရမည်မှန်းအစရှာမရဘဲထစ်လည်နေတုန်းမှာပင် တစ်ခုခုကိုပြန်အမှတ်ရသွားတော့ ရှိုင်း'မျက်နှာတစ်ဖန်ပို၍မဲမှောင်လာပြန်သည်
"ဒါငါ့အိမ်လေ.. ငါ့ဘယ်ပဲသွားသွားနင့်ကိုအရင်သံတော်ဦးတင်နေရဦးမှာလား''
"ဒါပေမယ့် အကိုလေးအပြင်သွားလို့မရဘူးလေ''
ထိန်းချုပ်ခံထားရသည့်ကြားမှ ခိုးထွက်လာပုံရသည့်ဒေါ်သတွေကြောင့် ရှိုင်း'အသံမှာ သံမဏိကဲ့သို့မာကျောလာ၏
"နေပါဦး..နင်ကဘယ်သူမို့ငါ့ကိုအမိန့်လာပေးနေတာလဲ''
မည်သို့ပင်အပြောခံနေရပါစေ စိတ်ဆိုးရကောင်းမှန်းမသိသည့်သင်းသင်း'ဟာ ဆရာမကြီးလေသံဖြစ်ပြန်ပြောလာပြန်သည်