ဦး ၇
သားဖြစ်သူယခုတလောလိမ္မာနေတာမြင်ပြီ ပြုံးပန်းဝေဆာနေသည့်မေမေ့မျက်နှာနှင့်ဖေဖေ့မျက်နှာကို ပြန်လည်မြင်ယောင်လာသည့်ထိုတဒင်္ဂ ရှိုင်း'တွေဝေစိတ်တို့စတင်လာခဲ့သည်
'ဘာဆက်လုပ်သင့်လဲ'
မိဘအိမ်အချိန်မရွေးပြန်လာနိုင်သော်လည်း ထိုအမျိုးသမီးဆီရောက်သွားရင်ဖြင့် အိမ်ပြန်ဖို့လမ်းဆုံးပြီ
ခိုတွဲးလုနီးနီးဖြစ်သောသည့်တွန်းဆုတ်စိတ်တချို့ကိုအဝေးသို့မောင်းထုတ်ပြီး ခြေပြန်မလှည့်သောဆုံးဖြတ်ချက်တစ်ခုအခိုင်မာချလိုက်၏
ကိုင်ဆွဲးထားသည့်လက်ထဲကကျောပိုးအိတ်ကိုအောက်လွှတ်ချပြီး ဒူးကွေးချလိုက်သည်..မည်သို့ပင်ဆိုးခဲ့ဆိုးခဲ့ ကျွေးကျေးဇူးမွေးကျေးဇူးရှင်ဖြစ်သော အသက်သခင်ကျေးဇူးရှင်ဖခင်နှင့်မိခင်ကြီးကိုရည်မှန်းကာ ဦးသုံးကြိမ်ချဖို့လည်းသူမမေ့ခဲ့
ဟိုတနေ့ကထက်ခက်ခဲမည်ထင်ထားခဲ့သော်လည်း မီးရောင်နှင့်လှမ်းပြီးအမှောင်ကျနေခြင်းမို့ မူပိုင်ဖြစ်သည့်တံတိုင်းကျော်ခြင်းသိုင်းကွက်ဟောင်းတစ်ခုကိုသာ လွယ်လွယ်ကူကူထုတ်သုံးလိုက်သည်
"အ! "
မမြင်လိုက်ရသည့်အရာတစ်ခုကိုဖိလိုက်မိတော့ လက်ဝါးတစ်ဖက်မှာဓါတ်လိုက်ခံလိုက်ရသလိုပင် ဖြတ်ခနဲးတုန်ယင်းသွား၏..သို့သော် အရှိန်သောမပြင်း
အမှန်တကယ်သည်လည်း ဓါတ်လိုက်သွားခြင်းဖြစ်သည်..
အကြောင်းမှာ မကြာသေးခင်ကပင် သောင်းကျန်းနေသည့်သူခိုး အမိဖမ်းဖို့ဆိုကာတံတိုင်းမြင့်ကြီးမှာဓါတ်လိုက်ဝါယာအတပ်ဆင်ခံထားရခြင်းဖြစ်၏'ဟာ သွားပြီ
ငါ့ထွက်ပေါက်လေး'ထုံကျင်ကာပူထူနေသောလက်တစ်ဖက်ကိုကြည့်ရင်း ထိုးကျသွားသည့်စိတ်ဓါတ်တွေလည်းဘရိတ်မမှီတော့
ထိုစဉ်..
ဝုတ်! ဝုတ်
ဘယ်ကထွက်လာမှန်းမသိသောခွေးဟောင်သံကြောင့် ရှိုင်း'၏လွင့်မျောနေသည့်စိတ်တို့ ကမန်ကလန်းပြန်ကပ်၏