၉(z+u)

56 2 7
                                    


ဦး ၉

ဒီကနေ့ဆို ကောင်ဆိုးလေးဆေးရုံကဆင်းလို့ရပြီဖြစ်သော်လည်းနေ'တနေကုန်မအားသည့်အတွက်ကြောင့် ညနေပိုင်းမှာသာလာကြိုဖြစ်သွားသည်..
စတိုးဆိုင်တစ်ဆိုင်အရှေ့ရောက်သော် မှာထားသည့်အဝတ်အစားများဝင်ယူပြီးနောက် ဆေရုံသို့တန်းလာခဲ့၏

.
.
.
.
.

ကောင်ကလေးဟာအလှအပကြိုက်ပုံရသည်..သူ့ကိုယ်ငယ်‌လေးကိုခြုံငုံ့ကြည့်ရင်း မျက်နှာလေးဟာရွှင်ရွှင်ကလေးရယ်..​နေ'ကိုယ်တိုင်ဟာထိုသို့မဝတ်စားတတ်သော်လည်း ကောင်လေးနှင့်လိုက်ဖက်မည့်အထင်ဖြင့် ခက်ခက်ခဲခဲရွေးချယ်လာခဲ့တာမှန်ကန်သွားသည်

အဖြူရောင်တီရှပ်အပွနှင့်ဘောင်ဘီရှည်နက်ပြာရောင်ဆင်မြန်းခံထားရသည့်ကောင်ဆိုးလေးဟာ ဆေးရုံဝတ်ဆုံတုန်းကနှင့်ကွဲးပြားစွာ...ပတ်တီအဖြူမရှိတော့သည့် မျက်တောင်ဖုံးအုပ်ထားသောမှိုအဖူးလုံးကဲ့သို့ဆံပင်လေးတွေဟာလည်းအ​ရှေ့ဖြာကျနေပြီး လုံးဝကလေးတစ်ယောက်အလား ချစ်စရာကောင်းလွန်းသည်ဟုတ်ရေးမထိုးထားရုံတမယ်ပင်

သို့သော် အောက်ပိုင်းကြည့်မိတော့ခြေဗလာကြီးနှင့်..
အလုပ်ပြီးပြီးချင်းကမန်းကလန်းထွက်လာခဲ့ရတာမို့ နေ'ကောင်လေးအတွက်ဖိနပ် လုံးလုံးကိုမေ့မျောနေခဲ့ခြင်းပင်

"ဒီကပြန်ရင်ကိုယ်ဖိနပ်ဝယ်ပေးမယ်နော်''

တခြားလူပြောလျှင်မော့ပင်မလာသည့်မျက်နှာလေးဟာ နေ'စကားဆိုခေါင်းတညှိတ်ညှိတ်နှင့် ပေါက်သင်ညိုလေးအလား

နေ'ကောင်လေးအတွက်ဆေးရုံကုသစရိတ်တွေကို ကြိုတင်ဖြေရှင်းထားပြီးသားမို့ ကောင်လေးကိုခေါ်ပြီးတန်ပြန်လို့ရပြီဖြစ်သည်

ကောင်ဆိုးလေး၏အိမ်ပြန်ခရီးကို သူနာပြုမလေးတွေကဆေးရုံအရှေ့ထိ လိုက်ပါပို့ဆောင်ပေးကြသည်..ကောင်လေးကိုလိုက်ပို့သည်ထက် နေ'ကိုလိုက်ပို့ပေးခြင်းဟုတ်ဆိုလျှင်ပိုမှန်မည်လော

ဒီညဆေးရုံမှာအရင်ပုံမှန်အတိုင်း ပျင်းစရာကောင်းနေတော့မှာအသေအချာပင်

ဆေးရုံအရှေ့ထိုးရပ်ထားသည့်အနက်ရောင်ကားတစ်စီးကိုမြင်တော့ ကောင်ဆိုးလေးဟာထိုကားအနာတိုးကပ်သွားသည်

ဦးWhere stories live. Discover now