zawgyi ver :
ရန်ချုံးဝိန်ကတော့ အထင်သေးသောအကြည့်ဖြင့်သာ။
"ကစားရမယ် ? မင်းနဲ့လား? ငါ့ကြွက်သားတွေက
အုတ်နီခဲလိုပဲ …ချွေးတွေတပြိုက်ပြိုက်နဲ့ ခံရမှ
သက်တောင့်သက်သာ မဖြစ်ဘူးလို့မပြောနဲ့ ။ပြီးတော့မှ
မအီမသာဖြစ်နေဦးမယ် … မင်းလိုလူက ဘယ်လောက်တောင် သွားနိုင်မှာမို့တုန်း ? "ရန်ချုံးဝိန်ကြိုက်သည့်ပုံစံကို ညွှန်းဆိုရလျှင်
လီ့ကျန်းထင်လို့ ကြည့်ကောင်းသည့် ခန္ဓာကိုယ်မျိုးသာ
ဖြစ်၏ ။ လီ့ကျန်းထင်မှာ ကြွက်သားရှိသော်ငြားလည်း
အရမ်းကြီး မကြီးလွန်း ။ ဒါ့အပြင် သူ၏ ဘေးလိုင်းများက
အလွန်ကို ကြည့်ကောင်းလှ၏ ။ဘယ်လိုလုပ်ပြီး ဒီလိုရုပ်ဆိုးပန်းဆိုး ကောင်နဲ့ နှိုင်းယှဉ်လို့ရမတဲ့တုန်း ?
" သူငယ်ချင်းလုပ်ပြီး ကစားကြမယ် ဆိုတာက သိပ်တော့ မဟုတ်သလိုပဲ စွမ်းဆောင်နိုင်တဲ့သူမျိုးကို မင်း
မရှာနိုင်လို့လား ? ငါ မင်းကို အလန်းစားနဲ့ ညည်းငြူအောင်
လုပ်ပေးနိုင်ပါတယ် "ကြွက်သားအပြည့်နဲ့ ထိုယောကျာ်းမှာ ရန်ချုံးဝိန်၏ အပြောကို အနည်းငယ် ဒေါသဖြစ်သော်ငြားလည်း လက်မလျှော့သေးပေ။ ကောင်လေးရွေးဖို့ဆိုတာက ရုပ်ရှည်ကိုမကြည့်ပဲ စွမ်းဆောင်ရည်နဲ့ လိင်ဆက်ဆံကောင်းတဲ့အပေါ် မူတည်နေတယ်ဆိုတာ ရန်ချုံးဝိန်ကို သူ သိစေချင်သေး၏ ။
ဒီရုပ်ဆိုးကောင်တယောက် သူ့အရှေ့တွင် ဘယ်လိုဖြစ်ပြီး
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြင်းထန်နေလဲဆိုတာ
ရန်ချုံးဝိန် တကယ် နားမလည်နိုင် ။ သို့သော် ရန်ချုံးဝိန်၏ စိတ်အခြေအနေမှာ မကောင်းတာကြောင့် သူနဲ့
ကစားမယ် ဆိုတဲ့အရာနဲ့ ပတ်သတ်ပြီး စိတ်ထဲ
ထားမနေတော့ချေ ။" ကောင်းပြီလေ ! အဖော်ပြုပြီး ကစားပေးရတာပေါ့
အခန်းထဲလား ဒါမှမဟုတ် သန့်စင်ခန်းထဲမှာပဲ ဖြေရှင်းမလား? "ရန်ချုံးဝိန်သည် မတ်တပ်ရပ်လိုက်ကာ သူ၏ ကုန်ကျငွေဘေကို ပေးချေလိုက်သည့်အပြင် ဘောက်ဆူးဖိုးပါ ပါလိုက်သေး၏ ။
YOU ARE READING
ကောင်ဇိုးလေးရဲ့ ပြန်လည်မွေးဖွားခြင်းဇာတ်လမ်း < MM Translation >Complete
RomanceName -小祖宗重生撩夫记 Original Author - 肥肥殿 ( 1 - 121 End ) ရန်ချုံးဝိန်သည် ရန်မိသားစု၏ သဲသဲလှုပ်အချစ်ခံရသည့် အငယ်ဆုံး သခင်လေးဖြစ်ပေသည် ။ သူ၏ ချစ်သူ လီ့ကျန်းထင်မှာလည်း အချမ်းသာဆုံး သူဌေးစာရင်းဝင် ပထမဖြစ်ပြီး အဘိုးမှာ ဒုတိယ အဖေမှာ တတိယ သူဌေး စာရင်းဝင် ဖြစ်...