အပိုင်း ( ၁၂၀ ) : မင်္ဂလာဆောင်အခမ်းအနား+မဂၤလာေဆာင္အခမ္းအနား

2.1K 180 2
                                    

Uni :

အပိုင်း ( ၁၂၀ ) : မင်္ဂလာဆောင်အခမ်းအနား

ရန်ရှုံးယီက ဆက်ဆိုလေသည်။
"မင်းပြန်မလာရင် ငါကအဖိုးနဲ့အဖေ့ကိုအကူညီတောင်းမလို့ပါပဲ... မင်းရဲ့ ပရဟိတအသင်းကြီး ဒီလိုအဆုံးသတ်သွားမှာကို ငါက ထိုင်ကြည့်နေပါ့မလား"

"ထားပါတော့... ငါတောင် ကိုယ့်အလုပ်အပေါ် စိတ်မဝင်စားတာ… မင်းကိုလည်း အပြစ်တင်မပါဘူး... မနက်ဖြန်သတင်းစာ ရှင်းလင်းပွဲလုပ်မယ်... မနက်၁၀နာရီ မင်းလည်းအဲ့ကို လာခဲ့ဦး "

"အေးပါ…ငါ့မှာလည်းတာဝန်ရှိတော့ မနက်ဖြန်အဲ့ကို လာခဲ့မယ်… ငါက မင်းအစ်ကိုဆိုတာ မီဒီယာတွေကို ချပြရတော့မှာပေါ့လေ "
ရန်ရှုံးယီက ဘဝင်မြင့်စွာဖြင့် ပြောလေသည်။

"ပြီးတော့ ငါက ဥစ္စာပေါ ရုပ်ချောဆိုတော့ မီဒီယာတွေက ငါကရန်မိသားစုက ဒုတိယသခင်လေးဆိုတာ တန်းသိမှာပဲလေ ပြီးတော့ငါတို့အမေကလည်း မင်းတိုက်ရိုက်ထုတ်လွှင့်တုန်းက ဖြတ်ခနဲ ပါသွားခဲ့တာဆိုတော့ သိပ်မကြာခင်မှာပဲ မင်းကရန်မိသားစုရဲ့ သခင်လေးဆိုတာ တန်းပေါ်သွားမှာပဲ"

"တကယ်တော့ မီဒီယာက အဲအကြောင်းသိထားပြီးသားပါ … လီ့ကျန်းထင်ကသူတို့ကိုတားထားတာ...ဒါပေမဲ့ ဒီတစ်ခေါက် မတော်တဆမှုကိုတော့  ဖုံးကွယ်လို့ ရမှာမဟုတ်တော့...ငါတို့အနေနဲ့ အစီစဉ်တော့ လုပ်ထားရမယ်"

စကားပြောဆိုပြီးနောက် ရန်ချုံးဝိန်သည် ဖုန်းချကာ အစီအစဉ်များ စဆွဲလေသည်။

ရန်ချုံးဝိန်သာ ဒီကိစ္စကို သေချာကိုင်တွယ် ဖြေရှင်းမည်ဆိုပါက ဘာပြဿနာမှ ရှိလိမ့်မည် မဟုတ် ။ ထို့အပြင် ယခု ကိစ္စမှာ လေထင်ပရဟိတအဖွဲ့အစည်း၏ အမှားကြောင့်မဟုတ်။အရွယ်ရောက်ပြီးသား ထိုဆရာ၏ အမှားဖြစ်သော်လည်း သို့သော်  အဖွဲ့အစည်းမှာလည်း တာဝန်မရှိဘူးလို့တော့ ငြင်းဆို၍ မရနိုင်ပေ။ဝန်ထမ်းသစ်များ စုဆောင်းရာတွေ လိုအပ်ချက်ရှိခဲ့သောကြောင့် ဤကဲ့သို့ အမှားယွင်းဖြစ်ပေါ်လာခဲ့ခြင်းသာ ဖြစ်သည်။

နောက်တစ်ရက်တိုက်ရိုက်ထုတ်လွှင့်သည့်နေ့တွင် ထိုသို့ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်၍  အပြည့်အဝအာရုံစိုက်ကြသောကြောင့် weibo အသုံးပြုသူ တစ်ဝက်နီးပါး လာရောက်ခဲ့ကြသည်။ထိုသို့ တိုက်ရိုက်ထုတ်လွှင့် ဖြေရှင်းခြင်းကြောင့် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ခွင့်လွှတ်မှုများ ရရှိခဲ့သည် ။ သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်ရန် ရန်ရှုံးယီ၏ ခိုင်းစေမှုသည်  အဖွဲ့အစည်းတစ်ရပ်အနေဖြင့် စိတ်မသန့်ဖြစ်ကာ ထိုဆရာအပေါ် ကာကွယ်ပေးချင်သည်ဟု လူတိုင်း ခံစားသွား ရသောကြောင့် ရန်ရှုံးယီမှာ ဖော်လိုဝါအများအပြား ဆုံးရှုံးခဲ့ရသည် ။

ကောင်ဇိုးလေးရဲ့ ပြန်လည်မွေးဖွားခြင်းဇာတ်လမ်း < MM Translation >CompleteWhere stories live. Discover now