Uni :
အပိုင်း ( ၇၂ ) : ဒီနေ့ညက ပရဟိတလုပ်မယ့်ညလေးပါပဲ
ရန်ချုံးဝိန်အစကစဉ်းစားထားသည်မှာတော့ ကျောင်းပြန်တတ်ရတာ ထွေထွေထူးထူးတော့ ပြသနာမရှိသည့်အပြင် လူငယ်ဘဝကို တခါပြန်ခံစားရတော့မယ်ပေါ့ ။ သို့သော် သူ့ကျောင်းက အဲ့စာဂျပိုး စီနီယာကြီးကို တွေးမိလိုက်တိုင်း ခေါင်းကိုက်လို့လာတော့သည်။
အဲ့စီနီယာက သူ့အပေါ်ကို ဘာလို့အဲ့လောက်တောင် သဘောကျနေမှန်း
ရန်ချုံးဝိန်အနေဖြင့် စဉ်းစားလို့ကို မရ။ သဘောကျတာက ထိန်းချုပ်မှုတစ်ခုအဖြစ်ပြောင်းလာခဲ့မယ်ဆိုရင်တော့ ရန်ချုံးဝိန်ကတော့ ထိုသို့ သဘောကျမှုမျိုးကို မလိုအပ်ပေ ။သို့သော် ထိုစီနီယာမှာ တခါတရံအလွန်ချစ်ဖို့ကောင်းလှ၏ ။ ဒါ့ကြောင့်လည်း ရန်ချုံးဝိန် သူနဲ့ ဘာကြောင့်အဆက်အသွယ်ရှိနေရလဲ
ဆိုတဲ့အချက်ပင် ။ ဒါ့အပြင် သူနဲ့လီ့ကျန်းထင်တို့ မင်္ဂလာပွဲတွင် သူ့ကိုပါ ဖိတ်ခဲ့သည့် အကြောင်းအရင်းထဲက တစ်ခုဖြစ်၏။" ကိစ္စမရှိဘူး မင်း ကူမလား မကူဘူးလားပဲပြော "
ရန်ချုံးဝိန်သည် ကိုယ့်မျက်စိရှေ့က ကိစ္စကိုသာ အပြတ်ရှင်းချင်းသေးသည်။ ပရဟိတလုပ်ငန်းနဲ့ပတ်သတ်၍ အကုန်စီစဉ်ထားပြီ ဖြစ်တာကြောင့် လတ်တလောတော့ ဘာပြသနာမှ တတ်စရာ အကြောင်းမရှိ ။ သို့သော် အသုံးစရိတ်နဲ့ပတ်သတ်ပြီး ရန်ချောင်တို့အားလုံးက သူ့ရဲ့ခွင့်ပြုချက်ရမှသာ သုံးနိုင်မည် ဖြစ်၏ ။
ထို့ကြောင့် ရန်ချုံးဝိန်ကျောင်းသွားတတ်နေစဉ် သူတို့ရဲ့စီမံကိန်း လုပ်ငန်းနဲ့ ငွေကြေးတို့ကို ရန်ချုံးဝိန်ကြည့်ပေးနိုင်မည် မဟုတ် ။ထို့ကြောင့် ဒီရဲ့ " ရှုပ်ထွေးလွန်း"လှတဲ့ လုပ်ငန်းကြီးကို ရန်ရှုံးယီကိုသာ လွှဲပြောင်းပေးရတော့မည် ။
" မရဘူး ငါက ဘယ်ကနေ အချိန်တွေအဲ့လောက် အများကြီးရမှာတုန်း"
ရန်ရှုံးယီက ဂရုမစိုက်တဲ့ အထာဖြင့် ။ အကြောင်းမှာ သူကလည်း အားယားနေတဲ့သူ မဟုတ်တဲ့အပြင် သူ့မှာလည်း တခြားလုပ်စရာတွေ ရှိသေးသည် မဟုတ်လား ။ရန်ချုံးဝိန်သည် ရန်ရှုံးယီ၏ ပုခုံးကို ဖက်လျက် တဖန်နားချပြန်၏ ။
" မင်း အဲ့မှာ တစ်နေကုန်နေပေးဖို့ မလိုပါဘူး သူတို့ လိုတဲ့အချိန်ကြ ဖုန်းဆက်လိမ့်မယ် အလုပ်မရှုပ်ရင် သွားကြည့်ပေးလိုက် အလုပ်ရှုပ်နေတယ်ဆိုရင် ငါ့ကို ဖုန်းခေါ်လိုက်ပေါ့ ရတာပဲလေ "
YOU ARE READING
ကောင်ဇိုးလေးရဲ့ ပြန်လည်မွေးဖွားခြင်းဇာတ်လမ်း < MM Translation >Complete
RomanceName -小祖宗重生撩夫记 Original Author - 肥肥殿 ( 1 - 121 End ) ရန်ချုံးဝိန်သည် ရန်မိသားစု၏ သဲသဲလှုပ်အချစ်ခံရသည့် အငယ်ဆုံး သခင်လေးဖြစ်ပေသည် ။ သူ၏ ချစ်သူ လီ့ကျန်းထင်မှာလည်း အချမ်းသာဆုံး သူဌေးစာရင်းဝင် ပထမဖြစ်ပြီး အဘိုးမှာ ဒုတိယ အဖေမှာ တတိယ သူဌေး စာရင်းဝင် ဖြစ်...