အပိုင်း(၉၅) : ရန်ချုံးဝိန် ကိုယ်ထိလက်ရောက်စော်ကားခံရခြင်း

1.8K 289 10
                                    

Uni :

အပိုင်း(၉၅) : ရန်ချုံးဝိန် ကိုယ်ထိလက်ရောက်စော်ကားခံရခြင်း

ကျွန်းပေါ်သို့ ရောက်လာချိန်မှာတော့ ရန်ချုံးဝိန်မျှော်လင့်ထားသည့် အတိုင်း ဂိုဒေါင်တွင် နေရာမပေးခဲ့ဘဲ ဂိုဒေါင်နှင့် မနီးမဝေးရှိ အဆောက်အအုံတစ်ခုတွင် နေထိုင်စေခဲ့သည် ။လွန်ခဲ့တဲ့ရက်ပိုင်းက ယာဇီနဲ့ ဆက်ဆံရေး ကောင်းခဲ့ခြင်းကြောင့် ထိုသို့သော ရလဒ်မျိုး ရခဲ့သည်ဟု ရန်ချုံးဝိန်ယုံကြည်မိသည် ။

သို့သော် ရန်ချုံးဝိန်သည် အဆောက်အအုံ၏ ဆယ်မီတာကလွဲပြီး အပြင်သို့ ထွက်ခွင့်မရှိခဲ့ပေ ။ ရေ စားစရာ TV အစရှိသည်များ အပြည့်အစုံရှိသည်ဖြစ်ရာ ထို့ကြောင့် ရန်ချုံးဝိန်ဘက်ကလည်း
သူတို့အလိုအတိုင်း ပူးပေါင်းဆောင်ရွက်ပေးခဲ့သည် ။ ထိုနေရာတွင် ဖုန်းတစ်ခုတည်းသာ မရှိသော်လည်း သို့သော် ယခင်ဘဝထက် စာရင်
ပိုပြီး ကောင်းနေသည် မဟုတ်လား။

ယာဇီသည် ယခုအချိန်မှာတော့ ကျွန်း၏အလယ်တွင် ရောက်ရှိနေ၏ ။
ထိုနေရာတွင် လမ်းလေးတစ်ခုရှိရာ  မြို့ငယ်လေးထဲက လမ်းလေးတစ်ခုလိုပင် ။ထိုနေရာတွင် ကလေးရော လူကြီးတွေပါ မကျန် ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆော့ကစားလို့ နေ၏ ။ ယာဇီသည် အလယ်တည့်တည့် ကြီးမားသောဝင်းကြီးထဲက ပန်းခြံထဲတွင် ဘီးတပ်ကုလားထိုင်နဲ့ ရေနွေးကြမ်းသောက်နေသော အဘိုးအိုဆီသို့ ရောက်လာခဲ့သည် ။

ယာဇီသည် ထိုအဘိုးအိုဆီသို့ လျောက်လှမ်းလာရင်း
" မွေးစားအဖေ "
အဘိုးအိုမှာ တစ်ခေါင်းလုံးဖြူဖွေးနေသော်လည်း တတ်တတ်ကြွကြွ လှုပ်ရှားနိုင်ပုံပေါ်သည် ။
" သူ့ကို……ကျွန်းပေါ်ခေါ်လာပြီလား "
ယာဇီက ခေါင်းညိမ့်လျက်
" ဟုတ် အခု ကျွန်တော်အိမ်မှာ နေခိုင်းထားပါတယ် "
" ဘာလို့ ဒီကို မခေါ်လာခဲ့တာတုန်း " အဘိုးအိုက သဘောမကျသောဟန်ဖြင့် မေးလိုက်သည်။

" သူက စောနေလေးကမှ ရောက်လာတာပါ…ရေနဲ့ကျင့်သား မရှိခဲ့တော့ လှေပေါ်ကနေ ဆင်းတုန်းက အော့အန်ခဲ့ပါသေးတယ်…အဲ့တာကြောင့် ကျွန်တော်ကိုယ်တိုင် သူ့ကို ၂ ရက်လောက် အနားယူခိုင်းဖို့ အဲ့ကိုပို့ပေးထားတာပါ…တစ်လက်စတည်း ကျွန်တော်တို့ ကျွန်းနဲ့ ပတ်သတ်တဲ့အရာတွေကို သူလက်ခံဖို့ ပိုပြီးလွယ်ကူစေမှာပါ"
ယာဇီသည် သူ၏ အသံမှာ သိပ်ပြီး နားထောင်မကောင်းတာကြောင့် ပုံမှန်အားဖြင့် လိုရင်းတိုရှင်း ဖြေတတ်သော်လည်း သို့သော် ဒီတကြိမ်မှာတော့ လိုရင်းတိုရှင်းဖြေဖို့ဆိုတာ မဖြစ်နိုင်ခဲ့ချေ။

ကောင်ဇိုးလေးရဲ့ ပြန်လည်မွေးဖွားခြင်းဇာတ်လမ်း < MM Translation >CompleteTahanan ng mga kuwento. Tumuklas ngayon