Uni:
အပိုင်း(၁၁၀) : လက်ထပ်ခွင့်တောင်းခြင်း
အစ်မမေ့ဘက်က တိတ်ဆိတ်နေသလောက် ယာဇီမှာလည်း နောက်တရလို့ နေ၏ ။
" ရှင် သိတာလား မသိတာလား…ရှင့်ဘက်က အဲ့စကားတွေပြောဖို့ကို
ကျွန်မအကြာကြီးစောင့်နေခဲ့တယ်ဆိုတာ…"
အစ်မမေ့၏ မျက်ဝန်းများမှာ နီတွတ်လို့နေသည် ။ယာဇီမှာလည်း အံ့အားသင့်နေမိသည်။
အစ်မမေ့သည် ယာဇီ၏ ရင်ခွင်ထဲသို့ တိုးဝှေ့လိုက်ရင်း။
" ကျွန်မတို့ ဘာလို့အဲ့လောက်ထိ မာန်မချဘဲ နေမှာတုန်း…အကယ်၍ မာန်မာနတွေသာ မရှိခဲ့ရင် ကိုယ့်ခံစားချက်တွေကို ထုတ်ပြဖို့ ဒီလောက် အချိန်အကြာကြီး စောင့်နေခဲ့ရမှာ မဟုတ်ဘူး"ယာဇီ၏ မသိစိတ်မှာ အစ်မမေ့ကို ပွေ့ဖက်လို့ထားမိသည်။စောနက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်မတုံ့ပြန်နိုင်တော့ဘဲ စိတ်ထဲတွင် ရှုပ်ယှက်ခတ်နေခဲ့၏ ။
အစ်မမေ့သည် ယာဇီကို ကြည့်လိုက်ရင်း ငိုလည်းငို ရယ်လည်းရယ်မိရင်း ကြိမ်ဆဲလိုက်တော့သည်။
"အရူးကြီး! "
ထို့နောက် ခြေဖျားလေးထောက်ကာ ယာဇီ၏ နှုတ်ခမ်းသားများကို နမ်းရှုတ်လိုက်တော့သည်။အောင်မြင်အောင်ကူညီပေးခဲ့သော ဦးလေးကြီးကို အိမ်သို့ လိုက်ပို့ပေးပြီးနောက်တွင် တလတ်စတည်း ကြည့်ရုံနဲ့ စားကောင်းမည့် ပုံပေါက်သည့် စားသောက်ဆိုင်တွင် ရန်ချုံးဝိန်နှင့် လီ့ကျန်းထင်တို့ နှစ်ယောက်လုံး ဝင်စားခဲ့ကြတော့သည်။ရန်ချုံးဝိန်ကတော့ လီ့ကျန်းထင်ကို အားရပါးရကြည့်ဖို့အရေး အပြင်စားသောက်ခန်းကို မရွေးဘဲ သီးသန့်အခန်းကိုသာ ဘွတ်ကင်ယူ၏ ။ အကြည့်စိုက်ရင်းက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဘယ်သူက သိမှာတုန်း ။ သို့ဖြစ်၍
သီးသန့်အခန်းကို ဘွတ်ကင်ယူလိုက်ခြင်းက အကောင်းဆုံးသာ ဖြစ်ပေသည်။သီးသန့်အခန်းထဲသို့ ဝင်ရောက်လာပြီးပြီးချင်း ရန်ချုံးဝိန်တစ်ယောက် လီ့ကျန်းထင်ကို မလွှတ်ဘဲ တင်းကျပ်စွာ ပွေ့ဖက်ထားတော့သည်။
" ငါ ညအထိကို မစောင့်နိုင်တော့ဘူး… "
တဖန် လီ့ကျန်းထင်ကလည်း ရန်ချုံးဝိန်၏ ခါးလေးကို ပွေ့ဖက်လို့ထား၏။
" ဒါဆို စားပြီးတာနဲ့ တန်းပြန်ကြမယ်လေ…ဒီနေ့တော့ ဘာကိစ္စမှ မရှိလောက်တော့ပါဘူး…မင်းအဖိုးမှာတော့ မေးချင်တဲ့ မေးခွန်းတွေ စုပုံနေလောက်ရောပေါ့ "
YOU ARE READING
ကောင်ဇိုးလေးရဲ့ ပြန်လည်မွေးဖွားခြင်းဇာတ်လမ်း < MM Translation >Complete
RomanceName -小祖宗重生撩夫记 Original Author - 肥肥殿 ( 1 - 121 End ) ရန်ချုံးဝိန်သည် ရန်မိသားစု၏ သဲသဲလှုပ်အချစ်ခံရသည့် အငယ်ဆုံး သခင်လေးဖြစ်ပေသည် ။ သူ၏ ချစ်သူ လီ့ကျန်းထင်မှာလည်း အချမ်းသာဆုံး သူဌေးစာရင်းဝင် ပထမဖြစ်ပြီး အဘိုးမှာ ဒုတိယ အဖေမှာ တတိယ သူဌေး စာရင်းဝင် ဖြစ်...