♡ 1 ♡

15.1K 786 45
                                    

Zawgyi

နိုးထလာသော နွေရာသီနံနက်ခင်း..

ပြူတင်းပေါက်ကနေ ဝင်ရောက် တိုက်ခတ်လာတဲ့ တောင်လေချို အေးအေးတွေ...

အဖြူလွလွ အခန်းစီးကို တိုးဝေ့လာပြီး မျက်နှာပေါ်သို့
ကျရောက်လာတဲ့ နေရောင်ခြည်တန်း..

မျက်မှောင်တစ်ချက်ကြုံလိုက်မိတော့ နှဖူးပေါ်သို့ ကျရောက်
လာသည့်... ခပ်ဖွဖွအနမ်းလေး...

" မောင်.... "

"မောင် မနက်အလုပ်သွားရဦးမယ်မလား..."

နှဖူးတစ်ပြင်လုံးကို ဖုံးအုပ်ထား တဲ့ ခပ်ညိုညို ဆံပင်တွေကို
လယ်ချောင်းသွယ်သွယ်တွေနဲ့သပ်တင်ပေးတော့
မောင်က နှုတ်ခမ်းလေး ကွေးညွတ် ရုံပြုံးနေတယ်...

ကိုယ်လုံးသေးသေးလေးကို ဆွဲဖက်လိုက်တော့ အင့်ခနဲပါ
လာတယ်...

လည်ပင်းနားက သစ်ခွနံ့သင်းသင်းလေး...

တစ်ချက်ရှုရှိုက်မိတော့... ရင်ဘတ်ကို အသာအယာလာထုတဲ့
လက်သီးစုပ်သေးသေးနဲ့
"မောင်!... မင်း မထလို့မရဘူးနော်"

"ခနလေးပါ... ၅မိနစ်လောက် ဒီတိုင်းလေးနေကြမယ်.. "

လက်တွေက ခါးကိုလာဖက်ပြီး ရင်ဘတ်ပေါ်ခေါင်းတင်
ထားတဲ့ Tae...

မနက်ခင်းတိုင်းက ဒီတိုင်းလေးနိုးထနေကျ.. .

Tae က အိပ်ရေးပုတ်မောင်ကို အမြဲလာနှိုးနေကျ..

မနက်စာစားဝိုင်း...

ပန်ကိတ်ပူပူနွေးနွေးလေးရယ် Tae ဖျော်ပေးတဲ့ ကော်ဖီ
ခါးခါးရယ်.. cheese ခဲသေးသေးလေးရယ်

ကော်ဖီကို သောက်ပြီးသတင်းစာဖတ်နေသည်...

ခနနေတော့ Geun ကို မျက်နှာသစ်ပေးပြီးချီလာသည့်
Tae.. 

ဘေးနားက ခုံမှာ Jeon Geun ကို ချပေးတော့
သူ့ဒယ်ဒီက သတင်းစာကို စားပွဲပေါ်ချပြီး ကောက်ချီသည်။

Geun ရဲ့ နှာခေါင်းထိပ်ကို နမ်းတော့ ဝူးဝါးနဲ့ သားက
မကြိုက်ကြောင်းပြောနေတယ်...

မကြိုက်လေ မောင်က ပိုစလေပါပဲ...

Kitchen ထဲမှာ Geun အတွက် နို့ဖျော်နေတုန်း
အော်ငိုသံ...

Last Summer ( Completed )Where stories live. Discover now