Zawgyi
Jungkook က စက်ဘီးကို တွန်းပေးပြီး လိုက်လာသည်
ညနလေအေးအေးတွေက နှစ်ယောက်ကြားကို ဝင်တိုက်
ခတ်နေသည်...စောနက ကိုယ့်အဖြစ်အပျက်ကို ရှက်လွန်းလို့ မျက်နှာတွေ
ရဲတက်လာလေသည်...ဘယ်လိုတွေတောင် အရှက်ကွဲလိုက်တာလဲ Kim Taehyung ရယ်....
" အကို.. "
"hm Jungkook.. "
" Jungkook ဖြစ်သွားရောလား... မောင် လို့တောင်
မခေါ်တော့ဘူးပေါ့... "ပါးနှစ်ဖက်လုံး ရဲမှည့်လာသည်.....
" အကိုလို့... "
" Jungkook မစနဲ့ကွာ.. "
တဟားဟားရီပြီး
" ချစ်တယ်... အထက် တန်းနောက်ဆုံးနှစ်နွေရာသီ
ကတည်းက အကို့ကို.... ချစ်နေခဲ့တာ"မမေးမမြန်းဘဲ Jungkook ဆီက ဖွင့်ဟဝန်ခံခြင်း...
" အော..."
"အကိုကရော... မောင့် ကို ဘယ်ကတည်းက ချစ်ခဲ့တာလဲ"
" ဖြေကိုဖြေရမှာလား"
"မဖြေချင်ဘူးလား... မောင် သိချင်လိုက်တာ "
မျက်နှာက ပေါက်ထွက်မတတ်ရဲတက်လာလေသည်...
"အကို...အဆင်မပြေရင်လည်း မဖြေလို့ရပါတယ်.. "
သက်ပြင်းချသံခပ်သဲ့သဲ့နဲ့ စက်ဘီးကိုတွန်းသွားသည်...
ဘေးနားကို အပြေးရောက်လာသည့် အကို...
" ခေါက်ဆွဲအေးအတူစားမလားဆိုတဲ့ မျက်လုံးဝိုင်းနဲ့
ကောင်လေးကို စချစ်မိတာနဲ့တူတယ်... "Jungkook က သဘောကျသွားသည့်ဟန်..
ပါးချိုင့်ရေးရေးတွေ ပေါ်အောင်ပြုံးပြီး
" မောင် ပေါ့ မောင်ကလည်း မျက်လုံးဝိုင်းနဲ့ပဲလေ.. ""မင်းက အရူးပဲ.. "
သူက ခပ်ဟဟရီသည်... တစ်ဆက်တည်းမှာပဲ ခန့်ညား
နေသည်..." မောင်.... "
အကိုက မောင်လို့ တစ်ခါခေါ်လိုက်တိုင်း နှလုံးသားထဲကို
လေအေးတွေ ဖြတ်တိုက်သွားသလို...." ပြောလေ အကို... "
" နွေရာသီပြီးရင် မင်းက ပျောက်သွားတတ်တယ်... ဒီနှစ်
ကောနွေရာသီ ကုန်တာနဲ့ ငါ့ကိုထားသွားဦးမှာလား.. "
ŞİMDİ OKUDUĞUN
Last Summer ( Completed )
Hayran KurguA summer love story between us Jeon Jungkook X Kim Taehyung 18.1.22 -> 19.2.22