Zawgyi
ရေညှိဟင်းရည်ကို နွှေးထားပြီး ထမင်းဘူးထဲကို သေချာထည့်
နေသည်။မက်ကရယ်ငါးနဲ့လုပ်ထားသည့် ထမင်းလိပ် ပေါ်ကို ဆီအနည်းငယ် သုတ်ပြီး လှလှပပလေးဖြစ်အောင် စီရီပြီး ထည့်နေသည်။
အနောက်ကနေ ခါးကို လာဖက်သည့် မောင်
" Geunမြင်မယ်... ဖယ်လို့""မြင်မြင်ပေါ့... ကိုယ့်ယောက်ျားကိုယ် ဖက်တာပဲ"
"သားက စာမေးပွဲရှိလို့ မောင်... ကောင်းကောင်းလုပ်ပါရစေ"
"တစ်ခါလာလည်း သားက စာမေးပွဲ... သားရဲ့ pilot test သားရဲ့ သင်တန်း....မောင် နဲ့အတူတူရှိတဲ့အချိန်က ငါးမိနစ်တောင် မပြည့်ဘူး "
" မောင် ရာ... မရစ်စမ်းပါနဲ့"
မျက်နှာအနှံ့ကို လိုက်နမ်းနေသည့် မောင် ။
သားငယ်က အပေါ်ထပ်လှေကားကနေ ခြေစုံပေါက်ပြီးဆင်းလာသည်။
"papa...papaရေ"မောင့်ကို အဝေးတွန်းလွှတ်လိုက်တော့ မျက်နှာကြီးဆူပုတ်နေတာ။
ထမင်းစားပွဲဝိုင်းမှာထိုင်ပြီး သူ့အတွက်ပြင်ပေးထားသည့် မနက်စာကို စားနေသည်။
မောင်က သားဘေးနားသွားထိုင်ပြီး
"ဒီတစ်ပတ်ကျောင်းပိတ်ရင် မင်းအဖွားဆီ သွားနေ"" ဘာဖြစ်လို့လဲ da... "
" အိမ်မှာရှုပ်တယ်ကွာ... "
မောင့်လက်မောင်းကိုရိုက်ချလိုက်ပြီး
" သားကို ဘာတွေပြောနေတာလဲ. "ပေါင်မုန့်ကို ကိုက်ထားရင်း မကြည်ပေါက်နဲ့ကြည့် နေသည်။
Geunကို နေ့လယ်စာသေချာထည့်ပေးပြီး ကျောင်းကိုလိုက်ပို့ရသည်။
" Geun ကုန်အာင်စားခဲ့နော်..."" စိတ်ချပါ pa ရဲ့"
ကျနော့် ပါးကို တစ်ချက်နမ်းသွားသေးသည်။
၁၀နှစ်သာရှိပေမယ့် အတော်လိမ်မာရင့်ကျက်သည့်သားငယ်။စာသင်ချိန်လေးချိန်ပြီးတာနဲ့ရောက်လာသည့် နေ့လယ်စာတန်း။
Pa ပေးလိုက်တဲ့ ထမင်းဘူးကို ဖွင့်ပြီးစားမယ်လုပ်တော့ ထမင်းဘူးထဲကို မှောက်ကျလာသည့် colaတွေ။
DU LIEST GERADE
Last Summer ( Completed )
FanfictionA summer love story between us Jeon Jungkook X Kim Taehyung 18.1.22 -> 19.2.22