♡ 16 ♡

3.6K 432 38
                                    

Zawgyi

သားအိပ်နေတဲ့ ကုတင်ဘေးမှာ ဝင်ထိုင်ပြီး ရဲနေသည့် ပါးတစ်ဖက်ကို ရေနွေးအိတ်နဲ့ ဖွဖွလေး ကပ်ပေးနေသည်။

မောင့် ပခုံးကို ထိကိုင်လိုက်တော့
" ဘာလို့...ဘာလို့ သားကို ရိုက်ခဲ့မိမှန်း မသိဘူး... "

တုန်ရီနေသည့်အသံတွေက မောင်တစ်ယောက်အတော်လေး
ဝမ်းနည်းနေတာကို ဖော်ပြနေသည်။

"မင်းလုပ်ခဲ့တာ မှန်ပါတယ်... "

" Hiah က လက်လျှော့သွားပြီ ထင်တာ သူမက သားကို ပြန်ယူ ဖို့တွေးနေတုန်း ပဲ "

"သူမ မနက်ဖြန် သားနဲ့တွေ့ချင်တယ် တဲ့ ငါ့ဆီကို ph ဆက်တယ် "

" ပေးတွေ့မှာလား အသက် "

" အင်း...သူတို့နှစ်ယောက်ကို စကားပြောခိုင်းလိုက်မယ်
သားရဲ့ရွေးချယ်ချက်ကိုပဲ ထည့်တွက်တော့မယ် ငါ... "

"အသက်.... "

" သားအဆင်ပြေဖို့ပဲ မောင်ရယ် ဒီနေ့ဖြစ်သွားတဲ့ ပြဿနာကို
မသိဘူးလား...သားက တဖြည်းဖြည်းနဲ့ အသက်ကြီး လာမှာ
အခုလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နေရတာက သားအတွက်
ရှက်ရွံ့စိတ်တွေ ဝင်လာမှာ ငါမလိုလား ဘူး "

မတ်တပ်ရပ်ပြီး သူ့ကိုယ်လုံးလေးကို ရင်ခွင်ထဲထည့်ထားမိ
သည်။

ပခုံးပေါ်ကို ခေါင်းအပ်ပြီး
" သား နဲ့ ခွဲရမယ်ဆို လည်း အဆင်ပြေပါတယ်..."

အသံမထွက်ဘဲ မျက်ရည်တွေ လိမ့်ကျနေသည်။
နောက်ကျောလေးကို ခပ်ဖွဖွ ပုတ်ပေးတော့ အင်္ကျီတွေကို ဆွဲကိုင်လာသည်။

ပတ်ဝန်းကျင်ရဲ့ စကားသံတွေက လူကို ရိုက်ချိုးတတ်သည်။

မကြားချင် မတွေ့ချင်အောငါ လျစ်လျှူရှုထားသော်လည်း တစ်ခါတစ်ရံ တိုးဝင်လို့ရသည့် နေရာကနေ ဝင်ရောက် လာသည်။

ကိုယ်တိုင်ဖန်တီးခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်က ဖန်တီးသော
ရှက်စိတ် ကြောက်စိတ် မလုခြုံစိတ် တွေ သားဆီကို ဝင်လာမှာ စိုးရိမ်သည်။

သားကို နည်းနည်းလေးတောင် အဝေးမှာမထားချင်သော်လည်း Geunတစ်ယောက် မျက်နှာငယ်သော နေရာမှာ မနေ
စေချင်လို။

Last Summer ( Completed )Où les histoires vivent. Découvrez maintenant