♡ 6 ♡

4.2K 506 14
                                    

Zawgyi

လက်ထပ်ပြီး ခြောက်လကျော်... မောင့် အကြွေးတစ်ဝက်
တွေအကုန်ကြေပြီး မောင်က company သေးသေးလေး
တစ်ခုကို စတင် တည်ဆောက်နေသည်....

CEO ပေါက်စ သေးသေးလေးက suit လေးနဲ့ သိပ်ကြည့်
ကောင်းတာပဲ...

မောင်က ကျနော့်အတွက် တကယ်တော်တဲ့ ထူးချွန်တဲ့
ထက်မြက်တဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပါ...

"အသက်ရေ...မောင့် ကို necktie စည်းပေးပါဦး.. "

Bathroom ထဲရောက်နေတဲ့ ကျနော့်ကို အရှေ့ကနေ
ကုန်ုးအော်နေသည်...

အပေါ်အင်္ကျီအပါးလေးကို အမြန်ဝတ်ပြီးထွက်လာတော့
ပြုံးပြီးကြည့်နေတယ်...

သူ့အရှေ့ကိုသွားပြီး necktie ကို ကိုင်လိုက်ကာ
" တကယ်ပဲ... ကိုယ့်ဘာကိုယ် မလုပ်တတ်တာကျလို့
နော်... "

မောင်က အကြည်နာလဲ့နေတဲ့ မျက်ဝန်းတွေနဲ့ မြတ်မြတ်
နိုးနိုး ကြည့်နေသည်...

" မောင့် အသက် လေးကို တဝကြီးကြည့်ချင်လို့ပါ.. "

မျက်ရည်တစ်ခုလုံးရဲတက်လာသည်

မနက်စောစောစီးစီးကြီး မောင်က ကိုယ့် ကို ရင်ခုန်အောင်
လာလုပ်နေတာပဲ...

" ဘာလို့-ဘာလို့ အဲ့လောက်ကြီးစိုက်ကြည့်နေတာလဲ"

"ကြည့်မဝလေး... ဘယ်လောက်ကြည့်ကြည့် မဝဘူး"

နှဖူးပေါ်သို့ ကျရောက်လာတဲ့ မောင့်အနမ်း....

"အပြန်ကျ လာကြိုမယ်..."

"အော.. "

"မောင်မလာသေးဘဲ အရင်ပြန်မသွားနဲ့"

"အော.. "

ဆံပင်တွေကို လက်နဲ့လာဖွသည်
" ကလေးလား... "

"hm? "

" ကလေးလား... မောင်ပြောသမျှနားထောင်ရအောင်"

"ငါကမင်းအတွက် အိမ်သူကလေးပေါ့.... "

***
Bakery company ရှေ့မှာ ရောက်နေတဲ့ ကားအနက်လေး
မောင်ရောက်နေတာ...

သူဌေးကို အလုပ်တွေ အကုန်ပြီးပြီဖြစ်ကြောင်းပြောပြီး
ထွက်လာခဲ့သည်...

ကားရှေ့မှာ ရပ်စောင့်နေသည့် မောင်...

ကျနော့်ကို မြင်တော့ လက်ပြပြီး ပြုံးပြသည်..

Last Summer ( Completed )Where stories live. Discover now