J -Jealous Boy

762 58 9
                                    

J

Jealous Boy

သဝန်တိုတတ်တဲ့ကောင်ငယ်လေး

________________________________

"မင်း..ခုနကစကားပြောနေတာ ဘယ်သူလဲ''

အသံအအနေအထားအရ ​စိတ်ကောက်နေသည်မှာကျိန်းသေသည်။

"သူငယ်ချင်းပါ..ဒီတိုင်းရိုးရိုးသူငယ်ချင်း''

ဒီကောင်လေးအကြောင်းသိလို့ Taeyong ပိုပိုသာသာ ရှင်းပြလိုက်ပါသည်။

"အော်....အော်... ရိုးရိုးသူငယ်ချင်း ဟုတ်လား။ သူကရိုးရိုးသူငယ်ချင်းဆိုတော့ Special သူငယ်ချင်းတွေများရှိနေတာများလား Lee Taeyong!!''

ထိုသို့ရှင်းပြရှင်းကပို၍များဆိုးသွားသလား။
မဟုတ်ပါ..ထိုသို့အခြေအနေရောက်အောင်ပြောနိုင်သူက Kim DoYoungတစ်ယောက်သာရှိပါသည်။
ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောနိုင်သူ။

"ရိုးရိုးသူငယ်ချင်းမို့သာပဲနော် ပြုံးဖြီးနေပုံများ..ရိုးရိုးသာမဟုတ်ရင် သူ့နောက်ကောက်ကောက်ပါသွားမှာတောင်စိုးတယ်''

TaeYongဘာမှပြန်မပြောနိုင်ပါ။
သူ၏ချစ်သူမှ သဝန်တိုမှုတအားလွန်ကဲကြောင်းသူအသိဆုံး။

အခုတွင်လည်း ဘာမှမဟုတ်သည့် ကိစ္စနှင့်သဝန်တိုနေလေသည်။

"Young...သူကသူငယ်ချင်းပါပဲကွာ..ကိုယ်ကိုမယုံဘူးလား ဟင်''

Doyoungမှာစိတ်ဆိုးချင်သေးသော်လည်း
ဘာမှဆက်မပြောတော့..။
TaeYongကိုအမြဲစိတ်ဆိုးသည့်တိုင် ဘယ်တော့မှ ကြာကြာမဆိုးနိုင်။
TaeYongချော့တိုင်း စိတ်ပျော့ရမြဲ။
အထူးသဖြင့် နူးညံ့သောအသံနဲ့သူ့ကိုခေါ်လိုက်သည့်အခါမျိုးတွင်ပေါ့။

DoYoungမှာ အမြဲအချော့ခံချင်၍စိတ်ဆိုးနေသလို ကိုယ့်ကိုယ်ကိုယ်တောင်ခံစားနေရသည်။

"မင်း...မင်းကိုယုံတယ်..ဒါပေမဲ့...''

DoYoungဆက်မပြောနိုင်တော့။
သူသည်အမြဲTaeYongထံကျရှုံးရစမြဲ။

"မသိတော့ဘူးကွာ..ငါသူ့ကိုသဘောမကျဘူး Yong..နောက်သူနဲ့ဝေးဝေးနေ''

"အင်း..မင်းပြောသမျှလိုက်နာပါ့မယ်''

TaeYongက ကတိပေးစကားပြောရင်း..DoYoungကိုရင်ခွင်ထဲထည့်လိုက်သည်။
DoYoungသည်လည်းငြင်းဆိုခြင်းကင်းစွာ အလိုက်သင့်ရင်ခွင်ထဲဝင်လိုက်​သည်။

JUST YOU (Completed)Where stories live. Discover now