J
Jealous Boy
သဝန်တိုတတ်တဲ့ကောင်ငယ်လေး
________________________________
"မင်း..ခုနကစကားပြောနေတာ ဘယ်သူလဲ''
အသံအအနေအထားအရ စိတ်ကောက်နေသည်မှာကျိန်းသေသည်။
"သူငယ်ချင်းပါ..ဒီတိုင်းရိုးရိုးသူငယ်ချင်း''
ဒီကောင်လေးအကြောင်းသိလို့ Taeyong ပိုပိုသာသာ ရှင်းပြလိုက်ပါသည်။
"အော်....အော်... ရိုးရိုးသူငယ်ချင်း ဟုတ်လား။ သူကရိုးရိုးသူငယ်ချင်းဆိုတော့ Special သူငယ်ချင်းတွေများရှိနေတာများလား Lee Taeyong!!''
ထိုသို့ရှင်းပြရှင်းကပို၍များဆိုးသွားသလား။
မဟုတ်ပါ..ထိုသို့အခြေအနေရောက်အောင်ပြောနိုင်သူက Kim DoYoungတစ်ယောက်သာရှိပါသည်။
ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောနိုင်သူ။"ရိုးရိုးသူငယ်ချင်းမို့သာပဲနော် ပြုံးဖြီးနေပုံများ..ရိုးရိုးသာမဟုတ်ရင် သူ့နောက်ကောက်ကောက်ပါသွားမှာတောင်စိုးတယ်''
TaeYongဘာမှပြန်မပြောနိုင်ပါ။
သူ၏ချစ်သူမှ သဝန်တိုမှုတအားလွန်ကဲကြောင်းသူအသိဆုံး။အခုတွင်လည်း ဘာမှမဟုတ်သည့် ကိစ္စနှင့်သဝန်တိုနေလေသည်။
"Young...သူကသူငယ်ချင်းပါပဲကွာ..ကိုယ်ကိုမယုံဘူးလား ဟင်''
Doyoungမှာစိတ်ဆိုးချင်သေးသော်လည်း
ဘာမှဆက်မပြောတော့..။
TaeYongကိုအမြဲစိတ်ဆိုးသည့်တိုင် ဘယ်တော့မှ ကြာကြာမဆိုးနိုင်။
TaeYongချော့တိုင်း စိတ်ပျော့ရမြဲ။
အထူးသဖြင့် နူးညံ့သောအသံနဲ့သူ့ကိုခေါ်လိုက်သည့်အခါမျိုးတွင်ပေါ့။DoYoungမှာ အမြဲအချော့ခံချင်၍စိတ်ဆိုးနေသလို ကိုယ့်ကိုယ်ကိုယ်တောင်ခံစားနေရသည်။
"မင်း...မင်းကိုယုံတယ်..ဒါပေမဲ့...''
DoYoungဆက်မပြောနိုင်တော့။
သူသည်အမြဲTaeYongထံကျရှုံးရစမြဲ။"မသိတော့ဘူးကွာ..ငါသူ့ကိုသဘောမကျဘူး Yong..နောက်သူနဲ့ဝေးဝေးနေ''
"အင်း..မင်းပြောသမျှလိုက်နာပါ့မယ်''
TaeYongက ကတိပေးစကားပြောရင်း..DoYoungကိုရင်ခွင်ထဲထည့်လိုက်သည်။
DoYoungသည်လည်းငြင်းဆိုခြင်းကင်းစွာ အလိုက်သင့်ရင်ခွင်ထဲဝင်လိုက်သည်။
YOU ARE READING
JUST YOU (Completed)
Fanfictionကြယ်တွေကိုရေတွက်ကြည့်မယ်...လေပြေညှင်းတွေကိုခံစားမယ်..မိုးရေစက်တွေနဲ့ကခုန်မယ်.. မင်းနဲ့အတူပေါ့... ကိုယ့်ရဲ့အရာရာဟာ မင်းပါပဲ...