S - Stars in Your Eyes

342 50 13
                                    

S

Stars in Your Eyes

မင်းမျက်လုံးတွေထဲက ကြယ်ပွင့်လေးတွေ

__________________________________

"ငယ်ငယ်က ညအိပ်ယာဝင်ပုံပြင်တွေထဲမှာ ကြားဖူးခဲ့တာရှိတယ်..
ကောင်းကင်ပေါ်က ကြယ်တွေအကုန်လုံးကို ရေတွက်နိုင်ရင် ဆုတောင်းပြည့်တယ်တဲ့''

__________________________________

DoYoung နဲ့ TaeYongဟာ တစ်အိမ်ထဲမှာ အတူနေခဲ့ကြတာ သူတို့ ဘွဲ့ရပြီးထဲက ဖြစ်သည်။
သူတို့ရဲ့နှစ်ယောက်ထဲကမ္ဘာဟာ အတော်ကို ချမ်းမြေ့စရာကောင်းလှပါသည်။

DoYoungဟာ ကော်ဖီဆိုင်အသေးလေးတစ်ဆိုင်ဖွင့်ပြီး TaeYongဟာ ပန်းချီပြခန်းတစ်ခုမှာ ပြခန်းမှူးဖြစ်သည်။
သူတို့ဘဝဟာ အဆင်ပြေပြေနှင့်အေးချမ်းလှသည်။ ချစ်ရသူနှင့်အတူနေထိုင်ရ၍ ကြည်နူးမှုက နှိုင်းလို့ပင်မရ။

TaeYongဟာ အလုပ်မှပြန်လာတိုင်း တစ်ယောက်ထဲသော သူ့ရဲ့ဆိုင်ရှင်လေးဆီသို့ အမြဲလာပြီး အလုပ်ကူပေးသည်။
နောက်..ဆိုင်သိမ်းပြီး နှစ်ယောက်အတူအိမ်သို့ပြန်ကြသည်။
အိမ်ပြန်လမ်းတွေမှာ လက်တွေကခပ်တင်းတင်းဆုပ်ကိုင်ရင်း ၊ စကားတွေပြောရင်း ၊ ငြင်းခုန်စကားများရင်း ၊ အလုပ်ကြောင့်ပင်ပန်းသောနေ့များမှာ ဘတ်စ်ကားနောက်ဆုံးခုံတွင်ထိုင်ကာ တစ်ယောက်အတွက် တစ်ယောက်ပခုံးဟာ မှီခိုအနားယူစရာနေရာအဖြစ်..ရိုးရှင်းသော အိမ်ပြန်လမ်းတွေဟာ တစ်မျိုးတစ်ဖုံ ရင်ခုန်စရာတွေနဲ့တော့ ပြည့်နှက်လို့နေပါသည်။

"Yong ကျန်တာတွေသယ်လာခဲ့နော်''

DoYoungနဲ့ TaeYongဟာ ဒီည အိမ်ခေါင်မိုးထပ်တွင် ဘီယာသောက်ကြရန် စီစဥ်ထားကြသည်။
အကင်ကင်စက်ကိုသယ်သွားရင်း ကျန်ပစ္စည်းများကို သယ်လာရန် လှမ်းအော်နေသည်။
ည (၈)နာရီလောက်တွင်တော့ ပစ္စည်းပစ္စယ အကုန်သယ်ပြီးကာ စားသောက်ရန်ပြင်ဆင်ရန်သာလိုတော့သည်။

"ဒီမှာ လာမသောက်ရတာတောင် ဘယ်လောက်ကြာပြီလဲ''

DoYoungဟာ အသားများကိုကင်ရင်း ပြောလာသည်။
DoYoungတို့မှာ ကိုယ်ပိုင်နှစ်ထပ်အိမ်လေးဖြစ်ပြီး အပေါ်ခေါင်မိုးထပ်တစ်ခုပါရှိသည်။
ခေါင်မိုးထပ်ဟာ ညနက်လေ လေပိုတိုက်လေဖြစ်ကာ အနည်းငယ်အေးလာသည်။
TaeYongဟာ သူယူလာသော DoYoungအပေါ်ထပ်အင်္ကျီလေးအား DoYoungကိုယ်ပေါ်လွှမ်းခြုံပေးလိုက်သည်။

JUST YOU (Completed)Where stories live. Discover now