T- The First ....

307 43 12
                                    

T

The First ....

ပထမဆုံးသော...

______________________________

မှတ်မှတ်ရရ အချိန်ပိုင်းအလုပ်က နောက်တစ်ချိန်ဝင်ရမဲ့ကောင်လေးက နောက်ကျနေလို့ TaeYongဟာ ပိုပြီးစောင့်နေခဲ့ရသည်။
ထို့နောက် အတန်းချိန်မှီရန် အမြန်ပြေးလွှားနေရသည်။

"အင့်...''

ပတ်ဝန်းကျင်ကိုသေချာမကြည့်ဘဲ ပြေးလွှားနေတဲ့TaeYongဟာ တစ်​စုံတစ်ယောက်နဲ့ဝင်တိုက်မိသည်။

"မင်း မျက်လုံးကန်းနေလား''

တစ်ဖက်လူဆီမှ နူးညံ့တဲ့အသံမှ ညင်သာမှုမရှိတဲ့စကားဟာထွက်ပေါ်လာသည်။

"တောင်းပန်ပါတယ် အလောတကြီးဖြစ်သွားလို့ပါ''

TaeYongဟာ ပြုတ်ကျသွားတဲ့ သူ့စာအုပ်တွေကိုကောက်ရင်း တောင်းပန်းစကားဆိုသည်။
ထို့နောက် မတ်တပ်ပြန်ရပ်ပြီး တစ်ဖက်လူကိုကြည့်လိုက်မိချိန်မှာ TaeYongဟာ မှင်သက်သွားရသည်။

မျက်မှန်တပ်ထားတဲ့ထိုကောင်လေးဟာ မျက်မှန်ကို လက်ချောင်းများဖြင့်ပင့်တင်ရင်း TaeYongကို မျက်မှောင်ကြုံ့လျက်ကြည့်နေသည်။

ဒေါသထွက်နေသော ကောင်လေးမှာ TaeYongအမြင်တစ်မျိုးတစ်ဖုံချစ်စရာကောင်းနေလေသည်။
DoYoungဟာ ဘာမှဆက်ပြောခြင်းမရှိဘဲ TaeYongကို ဘုကြည့်ကြည့်ကာထွက်သွားသည်။

TaeYongဟာ ထပ်ပြီးတောင်းပန်စကားပြောချိန်ပင်မရလိုက်ပါ။ ဒေါသအိုးကောင်လေးဟာ ခြေလှမ်းကျဲကြီးများဖြင့်ထွက်သွားပြီဖြစ်သည်။

ဒီလိုနည်းနဲ့ သူတို့ဟာ ပထမဆုံး ဆုံဖြစ်ခဲ့ကြပါသည်။

မလှပပေမဲ့ အမှတ်တရဖြစ်​ရတဲ့ ပထမဆုံးသော တွေ့ဆုံမှုလေးပေါ့။

______________________________

"ကိုယ် မင်းကိုချစ်တယ်''

TaeYongဟာ DoYoungကို ဖွင့်ပြောခဲ့သည်။
TaeYongဟာ ရင်တွေခုန်နေသလို DoYoungဟာလည်း ရူးလောက်အောင် ရင်တွေခုန်နေပါသည်။

TaeYongဟာ ပထမဆုံးတွေ့ဆုံမှုအပြီး သူ့ရင်ထဲကို ထူးထူးခြားခြား ဆွဲဆောင်နိုင်စွမ်းရှိသော မျက်မှန်အောက်မှာ မျက်ဝန်းကြည်ကြည် ပိုင်ရှင်လေးအား သူငယ်ချင်းအဖြစ်ရအောင်ပေါင်းခဲ့ပါသည်။

JUST YOU (Completed)Where stories live. Discover now