O - Oasis

277 41 10
                                    

O

Oasis

ကိုယ့်ရဲ့အိုအေစစ်လေး..

_________________________

ဒီ​ညနေ​တွင် DoYoungဟာ TaeYongကြိုက်သော စပါကတီကိုသာ ညစာအဖြစ်လုပ်ရန်ပြင်သည်။

DoYoungဟာ ဆိုင်သိမ်းပြီးအပြန် လိုအပ်သည့်အရာများကိုစျေးဝင်ဝယ်ရင်း ပြန်လာကာ အိမ်တွင်ချက်ပြုတ်ရန်ပြင်ဆင်သည်။
TaeYongမှာတော့ အလုပ်ရှုပ်နေ၍ နောက်ကျမှပြန်လာမည်ထင်သည်။
DoYoungဟာ ညစာကို TaeYongရောက်သည်နှင့် စားရန် အဆင်သင့်ဖြစ်အောင်သာ လုပ်နေသည်။

"တီ...တီ...''

တံခါးဖွင့်သံအကြား TaeYongအိမ်ပြန်လာသည်ဟု DoYoung သိလိုက်သည်။

"ပြန်လာပြီလား Yong.. အဆင်သင့်ဖြစ်တော့မှာမို့ ခဏပဲစောင့်နော်''

မီးဖိုချောင်အတွင်းမှလှမ်းပြောနေသော DoYoung စကားသံကို TaeYongဟာ တုံ့ပြန်ခြင်းမရှိပါ။
ဆိုဖာပေါ်တွင်သာ ထိုင်နေပြီး မျက်လုံးများဟာလည်းမှိတ်လို့ထားသည်။

DoYoungဟာ အားလုံးကိုလက်စသတ်ပြီး သံပုရာရည်တစ်ခွက်ဖျော်ကာ TaeYongထိုင်နေရာဆီသို့ သွားသည်။

"အလုပ်က တအားပင်ပန်းနေလို့လား''

DoYoung အမေးကို ပြန်ဖြေခြင်းမရှိသလို မျက်လုံးလည်းမှိတ်ထားဆဲ ဖြစ်သည်။

TaeYongဟာ သူ့ဘေးတွင်ထိုင်နေသော DoYoung အား ရုတ်တရပ်ဆွဲဖက်လိုက်သည်။
ထို့နောက် DoYoung ပခုံးကြားခေါင်းနှစ်ဝင်လျက် သူဟာအနားယူနေသည်။

ဘာဖြစ်နေမှန်းမသိသော DoYoungဟာလည်း စိတ်သက်သာလိုသက်သာငြား TaeYongကျောပြင်အား ခပ်ဖွဖွ ပုတ်ပေးနေသည်။

" Rubyဆုံးသွားပြီ''

TaeYong ရဲ့စကားသံဆုံး TaeYongဟာ မျက်ရည်များကျလာသည်ကို သူ့ရဲ့စိုစွတ်လာသောပခုံးကြောင့် သူခံစားမိပါသည်။

"အဆင်ပြေသွားမှာပါ..''

TaeYongရဲ့ကျောပြင်ကိုသာ ပုတ်ရင်း DoYoungဟာ နှစ်သိမ့်နေသည်။

TaeYongအမြဲပြောပြနေသောကြောင့် Rubyအား DoYoungရင်းနှီးပါသည်။
TaeYongတို့ ပြခန်းသို့ အလိုလိုရောက်လာသောခွေးလေးဖြစ်ပြီး တအားချစ်စရာကောင်းပြီးလိမ္မာကြောင်း ၊ ထိုခွေးလေးဟာ ပြခန်းမှလူတိုင်းရဲ့အချစ်တော်ဖြစ်ကြောင်း၊ ပြခန်းမှာပဲနေပြီး လုံခြုံရေးဦးလေးကြီးနှင့်နေကြောင်း၊ TaeYongတအားသဘောကျရဲ့ခွေးလေးဖြစ်ကြောင်း စသည်ဖြင့် DoYoungဟာ Rubyကို TaeYongစကားများကြောင့် ရင်းနှီးနေပါသည်။
တစ်ခါတစ်လေ Rubyအတွက် DoYoungပင် စားစရာများလုပ်ပေးတတ်သေးသည်။

JUST YOU (Completed)Where stories live. Discover now