U - Until the Last Breath

416 53 7
                                    

U

Until the Last Breath

နောက်ဆုံးထွက်သက်ထိ...

___________________________

ပိတ်ရက်ဖြစ်သောကြောင့် DoYoungနှင့် TaeYongဟာ နေရာတစ်ခုသို့ရောက်နေကြသည်။

ထိုနေရာဟာ DoYoung နှင့် TaeYongစတင်တွေ့ခဲ့သောနေရာဆိုလျင်လည်းမမှားပါ။
သူတို့စတင်တွေ့ဆုံခဲ့ရသော တက္ကသိုလ်ကျောင်းဝန်းအတွင်းရောက်နေခြင်းဖြစ်သည်။

ပိတ်ရက်ဖြစ်သောကြောင့်ကျောင်းသူကျောင်းသားများရှိမနေ။
လေ့ကျင့်ရေး​ဆင်းသော ကျောင်းသားများနှင့် အချို့သာ ကျောင်းဝန်းထဲတွင်ရှိနေသည်။

TaeYongဟာ DoYoungလက်ကိုဆွဲကိုင်ရင်း ကျောင်းဝန်းအတွင်းလှည့်ပတ်ကြည့်နေကြသည်။
သူတို့သင်ခဲ့သော စာသင်ခန်းများ၊ ထိုင်ခဲ့သောCanteenများ၊ အတန်းလစ်ချိန်တိုင်း ဝင်အိပ်နေလေ့ရှိသော လေ့ကျင့်ရေးခန်းများနှင့် သူတို့ရဲ့ချစ်သူဘဝ စတင်ခဲ့ရာ ချယ်ရီပင်။

" ကျောင်းသားဘဝတောင်ပြန်လွမ်းသွားပြီ''

"ဘာလဲ ကောင်မလေးတွေအသည်းအသန်လိုက်ကြိုက်တာခံရတဲ့ဘဝကို သိပ်လွမ်းနေတယ်ပေါ့ Lee TaeYong ''

TaeYongမှာ DoYoungအပြောကြောင့် လွမ်းရိပ်သန်းနေသောစိတ်များပင်ပျောက်သွားရသည်။

"ကိုယ်လွမ်းတဲ့အရာ ဘာလဲဆို အရှုပ်ကောင်လို့ခေါ်ပြီး အမြဲမျက်မှောင်ကြုံ့နေတတ်တဲ့ကောင်လေးကိုလေ.. Youngက အဲ့တုန်းက တကယ် ဘုကလန့်ပါကွာ..''

TaeYongအပြောမှာ DoYoungဟာ ရယ်မိသည်။
အမှန်တကယ်လည်း DoYoung  ထိုအချိန်ကအမြဲအဲ့ဒီအတိုင်းပင်။

ချယ်ရီပင်အောက်မှ ခုံတန်းလေးမှာ သူတို့နှစ်ယောက်အေးအေးဆေးဆေးထိုင်ရင်း စိတ်ပင်ပန်းသမျှအပန်းဖြေနေကြသည်။
ရှေးဟောင်းနှောင်းဖြစ်များပြောကြရင်း ၊ ကျောင်းသားဘဝကိုအလွမ်းသယ်ရင်း ၊ နောက်ပြီး သူတို့နှစ်ယောက်အတူဖြတ်သန်းခဲ့ကြသည်များကိုတွေးရင်းပေါ့။

"Yong...''

"ဟင်..''

ရုတ်တရပ်ထခေါ်လိုက်သော DoYoung ကြောင့် TaeYongဟာ ဘာပြောမည်လဲဆိုသည်ကိုစောင့်နေသည်။

JUST YOU (Completed)Where stories live. Discover now