သာမန်ထက်တော့ ပိုပါသည်❣️
- BL Short Story -
" တီ တီ တီ " ခေါင်းရင်းရှိ နာရီနိုးစက်မှ
အသံထွက်လာသည်၊ကျွန်တော်အိပ်ယာမှ ကပြာကယာထလိုက်ပါသည်၊ညက ဘေးခန်းက သူငယ်ချင်းမတွေနဲ့စကားကောင်းနေတာ အတော်ပင်ညဉ့်နက်သွားသည် ထင်ပါသည်၊ဒီနေ့သည် ကျွန်တော်တို့ တက္ကသိုလ်တက်ရမည့် ပထမဆုံးရက်ပင်ဖြစ်သည်၊ကျွန်တော်တို့ သူငယ်ချင်းတစ်စုသည်မန္တလေးဘက်မှ လာ၍ ကျောင်းလာတက်ကြခြင်းဖြစ်ပါသည်၊ကျွန်တော်တို့အုပ်စုသည် "အောင်" ဆိုသောကျွန်တော်နှင့် သက်နိုင်၊မြတ်မင်းဟူသောကောင်လေး၃ယောက်ဖြင့် ဖွဲ့စည်းထားသော ငယ်သူငယ်ချင်းအုပ်စုလေးဖြစ်ပါသည်။ကျွန်တော်သည်ကျောင်းတက်ရမည့် ပထမဆုံးရက်ဖြစ်၍ အတော်ပင်စိတ်လှုပ်ရှားနေသည်၊ဝတ်မည့် အင်ကျီကိုပင်ညကပင်ရွေးထားပြီးဖြစ်ပါသည်၊မြစိမ်းရောင်ပုဆိုးလေးနှင့် အင်ကျီအနီရဲလေးဖြစ်ပါသည်၊ကျန်သည့် သူငယ်ချင်းမများသည်လည်း အလှဆုံးဖြစ်ရန်ပြင်ဆင်နေကြပါသည်၊ကျွန်တော် သည်အသားဖြူဖြူ ပိန်ပိန်ပါးပါးနှင့်ကြည့် ကောင်းသည့်ရုပ်ရည်ထဲပါသည် ထင်ပါသည်၊သက်နိုင်ကတော့ ပုပုလေးသို့ပေမယ့် မျက်နှာကလေးကတော့အားလုံးထဲတွင်ချစ်စရာအကောင်းဆုံးပင်ဖြစ်ပါသည်၊မြတ်မင်းကတော့ သာမန်ကြည့်ပျော်ရူပျော်မျိုးဖြစ်သည်၊အသားရေက ညိုညိုပင်ဖြစ်ချေသည်။ကျွန်တော်တို့ အားလုံးသည် တက္ကသိုလ်ကြီး၏ အရပ်အောက်တွင် ခိုလုံကြတော့မည့် လူသားကလေးများပါ။
ကျွန်တော်တို့ အဆောင်နှင့်ကျောင်းသည်
သိပ်မဝေးပါ၊နှစ်လမ်းကျော်လောက်ဆို
ရောက်ပြီဖြစ်သည်၊သက်နိုင်မနှင့်မြတ်မင်းမ
တို့ကတော့ မေဂျာအတူကျကြ၍အဆင်ပြေကြသည်၊ကျွန်တော်သည်တော့ ထိုကောင်မများနှင့် မေဂျာမတူ၍ စိတ်ညစ်ရပြန်သည်၊သို့ပေမယ့်လဲ တစ်ကျောင်းထဲမဟုတ်လား၊သူတို့နှစ်ယောက်ရဲ့ Physics အဆောင်က ကျောင်းရဲ့အရှေ့ဘက်တွင် ကျွန်တော်ရဲ့မေဂျာ
အဆောင်က ကျောင်းအနောက်ဘက်ထဲတွင်
ဖြစ်ချေသည်၊သူတို့က ကျန်ခဲ့ပြီ၊တို့တော့
တစ်ယောက်ထဲ စမ်းတဝါးဝါးနဲ့ စာသင်ခန်းကိုရှာရအုံးမည်၊တက္ကသိုလ်၏ အရိပ်အောက်တွင် ကျောင်းသားလူငယ်များအလွန်ပင်များ
ပြားပါသည်၊ကျွန်တော်သည်လဲ ထိုလူတွေထဲကတစ်ယောက်ပင် ကျောင်းဝင်းထဲ စာသင်ဆောင်တွေက ပေါများလွန်း၍ စာသင်ခန်းကို
ရှာရအလွန်ခက်ပါသည်၊ကျောင်းကိုမရောက်
ဖူးသည်လဲ ပါပါသည်၊မကြာမီ ကျောင်းကတက်တော့မည် နောက်ကျ၍လဲမဖြစ်ပေ၊
လူတစ်ယောက်ယောက်ကိုတော့ အကူအညီတောင်းကာ မေးရတော့ပေမည်၊ထိုစဉ် တမာပင်အောက်မှာ ထိုင်နေတဲ့ အကိုကြီး
တစ်ယောက်ကို ကျွန်တော်တွေ့လိုက်ပါသည်၊
တစ်ယောက်ထဲ ထိုင်နေ၍ မေးလို့ကောင်းပါသည်၊ခပ်သွက်သွက်ပင် အဲ့လူနားသို့
ပြေးသွားလိုက်ပါသည်။
YOU ARE READING
သာမန်ထက်တော့ပိုပါသည် (Completed)
Short Storyအကိုနဲ့ကျွန်တော် သာမန်ထက်ပိုခဲ့ကြတယ်လို့ ထင်ပါတယ်၊တစ်ယောက်နဲ့တစ်ယောက် သဘောကျနေကြတာကို စကားလုံးတွေနဲ့မပြောခဲ့ကြလဲ ခံစားမိနေကြပါတယ်၊အကိုလည်း ကျွန်တော့်လိုပဲ ထပ်တူခံစားရမယ်လို့ ထင်ပါတယ်၊ကျွန်တော်ရဲ့ရင်ခုန်သံတွေကိုလည်း အကိုခံစားမိပါစေလို့ မျှော်လင့်လျ...