ဇာတ်သိမ်းပိုင်း

395 26 13
                                    

ကျောင်းအနောက် စာသင်ဆောင်အဟောင်းနားက ကံကော်ပင်ကြီးအောက်တွင်
ကျွန်တော်တစ်ယောက်ထဲ ငုတ်တုတ်လာထိုင်ကာ ‌တွေးနေမိပါသည်။တွေးရသည့်အကြောင်းကလဲ စိတ်ညစ်စရာမိသားစုကိစ္စများပင်။တွေးရင်းတွေးရင်း စိတ်ပျက်စရာ
စိတ်ညစ်စရာများကများသည်ပင်၊အကို့အကြောင်းကလဲ တစ်ခါတစ်လေအတွေးထဲပါလာတက်ပါပေသည်၊အကိုနှင့်လည်း ကျွန်တော်ဒီထက်ပို စိတ်ကူးမယဉ်ချင်တော့ပါ၊ကျွန်တော့်ဘက်ကသာ တစ်ဖတ်သက်အကို့အပေါ်အတွေးလွန်နေတာမျိုးလဲ ဖြစ်နိုင်ပါသည်၊အကိုကတော့ ကျွန်တော့်အပေါ်မည်သို့မည်ပုံတွေးမည်မသိပါချေ။အ‌တွေးတွေက စိတ်ညစ်စရာကောင်းလှပါသည်၊များများမ‌တွေးချင်ပါ၊အတွေးလွန်သမားသည် ပင်ပန်းရသည်မဟုတ်လား။ဤနေရာတွင်တော့ ဘယ်သူမှမရှိအေးချမ်းလှပါပေသည်၊ကျွန်တော်သည် ထိုကဲ့သို့တိတ်ဆိတ်သောနေရာမျိုးကိုပဲ သဘောကျပါသည်၊လူရူပ်ကာဆူညံနေသောနေရာများတွင် ကြာကြာမနေချင်ပါ၊အခုလို တိတ်တဆိတ်သည့်နေရာသည်ကျွန်တော်၏ စိတ်ကိုအေးချမ်းစေပါသည်၊ကံကော်ပင်ကြီးရဲ့ အရိပ်အာဝါသကြောင့်လည်းပါပါမည်။နေ့လည်ခင်းတော့ အတန်းတက်စရာမရှိ၍ ဤကံကော်ပင်ကြီးအောက်‌ခြေရင်းတွင်အပင်ကြီးကိုမှီကာ တစ်ရေးလောက်တော့အိပ်ချင်ပါသေးသည်၊‌အေးအေးချမ်းချမ်းနှင့်အိပ်လိုက်မိပါသည်။

အိပ်နေရင်းနဲ့ ကျွန်တော် အကိုရဲ့ကိုယ်သင်းရနံလေးကိုရနေပါသည်၊ကျွန်တော့်ဘေးမှာ
အကိုရှိနေသလိုပင်နွေးထွေးနေပါသည်။
စိတ်ထဲတွင်တော့ ကိုယ့်ဘာသာကိုယ် ပြောဆိုမိပါသည်။

" ငါ အကို့ကိုဒီလောက်တောင် စွဲလမ်းနေပြီလား မရဘူးထွက်သွားစမ်း အဲ့စိတ်တွေ
အကို့မှာ ရည်းစားရှိတယ် လျှောက်မတွေးနဲ့စမ်း "

အတွေးများကြောင့် ရုတ်တရက်နိုးလာခဲ့ပါသည်၊မျက်စိအမြင်များဝေဝါးဝါးဖြစ်နေစဉ်ကျွန်တော့်ရဲ့ဘေးမှာ အကို့ကိုတွေ့လိုက်ရပါသည်၊ကျွန်တော် လန့်သွားမိပါသည်၊ကျွန်တော်သည် အကို့ရဲ့ပခုံးပေါ်ခေါင်းမှီကာ
အိပ်နေခဲ့သည်လား။အကိုကတော့ ပြုံး၍ပင်

" နိုးပြီလား ညီ "
" အိပ်တာလဲကြာ‌နေတာပဲကွာ ဘာလို့အဆောင်ပြန်မအိပ်ပဲ ဒီအပင်အောက်လာအိပ်နေတာလဲ ညီ မကြောက်ဘူးလား "

သာမန်ထက်တော့ပိုပါသည် (Completed)Where stories live. Discover now