အပိုင်း ၄

208 18 2
                                    

မနေ့ကအပြင်နေပူထဲက ပြန်ရောက်ရောက်ချင်း ခြေထောက်‌ရေဆေးပြီးတန်းအိပ်လိုက်တာ ညနေ 5နာရီခွဲမှ ကျွန်တော်နိုးလာပါသည်၊နိုးနိုးချင်း ချမ်းသလိုလိုခံစားရပြီး ခေါင်းလဲမူးနေပါသည်၊ဖျားချင်သလိုဖြစ်နေပြီ ထင်ပါရဲ့၊ကုတင်ဘေးက ဗီရိုထဲကParacetamol တစ်လုံးသောက်လိုက်ပြီး ပြန်မှိန်းနေလိုက်ပါသည်။

မနက်ခင်းရောက်တော့ ကျွန်တော်ဘယ်လိုမှပမထနိုင်ပါ၊အရမ်းဖျားနေ၍ဖြစ်ပါသည်၊ကျောင်းလဲမသွားနိုင်ပါ၊ခွင့်တိုင်လိုက်ရပါသည်၊အဆောင်ထဲက အခန်းထဲမှာပဲကွေးနေလိုက်ပါသည်။အဆောင်မှာ ခွင့်ယူ၍ ကျွန်တော်တစ်ယောက်သာကျန်‌နေခဲ့ပါသည်။

"ဒေါက် ဒေါက် ဒေါက် "

အခန်းတံခါးကို တစ်စုံတစ်ယောက်လာခေါက်ပါသည်၊လူကနုန်းခွေနေ၍ တံခါးဖွင့်ရန်ကုတင်ပေါ်ကပင်မနည်း အားယူ၍ ထလိုက်ရပါသည်။ကျွန်တော်တော့ သက်နိုင် သို့မဟုတ်
မြတ်မင်း မုန့်ဝယ်လာပေးသည်ဟု ထင်ပါသည်၊သို့သော် မဟုတ်ပါ။အခန်းတံခါးဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည်ကား အကိုပင်ဖြစ်ပါသည်၊ကျွန်တော် ကိုယ့်မျက်လုံးပင်ကျွန်တော် မယုံနိုင်ဖြစ်နေရပါသည်၊ဖျားနေ၍ပဲ မျက်စိများအမြင်မှားသည်လား မသိတော့ပါ၊အကို့ကို ကျွန်တော်ကြောင်ကာ ရပ်ကြည့်နေရင်းး

" ညီ မင်းဖျားနေတယ်ဆိုသက်သာရဲ့လား "
အကို့ အမေးအသံကြားမှ တကယ်အကိုမှန်း
သိပါတော့သည်၊ကျွန်တော်သည် မနေ့ကထွက်လည်ထား‌သော အဝတ်အစားနဲ့ပင် မလဲရသေးပါ စုတ်ပျက်သက်နေပါသည်။

" အင်း သက်သာပါတယ်အကို
ညီ အပူရှပ်သွားတယ်ထင်ပါတယ် "

အကို့လက်ထဲတွင်လည်း ဘယ်ကဝယ်လာလဲမသိသော ဆန်ပြုတ်ထုတ်နှင့်မုန့်များပါ ပါလာပါသည်။

" ညီ ဘာစားပြီးပြီလဲ ဆန်ပြုတ်သောက်
မလား အကိုတိုက်မယ်လေ ဆေးရောသောက်ပြီးပြီလား ညီ "

" ဘာမှမစားရသေးဘူး အကို ခနနေသက်နိုင်နဲ့မြတ်မင်းပြန်လာမှ ဆေးခန်းသွားရင်းတစ်ခါတည်း စားမလို့ပါ "

" ကဲပါရော့ ဆန်ပြုတ်လေးအရင်သောက်
လိုက်အုံး ပြီးရင်ဆေးသောက်ရမယ်နော် ညီ "

သာမန်ထက်တော့ပိုပါသည် (Completed)Where stories live. Discover now