သာမန်ထက်တော့ ပိုပါသည် . . .❣️
(More than usual)အပိုင်း ၂ - BL Short Story -
အဲ့နေ့ညနေက အကိုနဲ့ကျွန်တော် အတူတူပြန်လာခဲ့ကြတယ်၊အကိုက ကျွန်တော်ကိုအဆောင်ရှေ့အထိ ပြန်လိုက်ပို့ပေးတယ်၊အဆောင်ရှေ့ ရောက်တော့ အကိုက ကျွန်တော့်ကို
" ညီ ဒီတစ်ပတ် Sunday ဘာလုပ်ဖို့ရှိလဲ "
တဲ့ကျွန်တော်ကလဲ
" ဘာမှလုပ်စရာ မရှိဘူးအကို ဘာလို့လဲ "
" ဘာမှလုပ်စရာမရှိရင် ညီအကိုနဲ့မြို့ထဲ
က စာအုပ်ဆိုင်ကို လိုက်ခဲ့မလား "" အကိုက စာဖတ်တာ ဝါသနာပါတာလား ညီလဲ စာဖတ်ဝါသနာပါတယ် ညီ စာအုပ်ဝယ်ချင်နေတာ သွားစရာအဖော်မရှိလို့ ခက်နေတာ အကိုခေါ်တော့ အတော်ပဲဖြစ်သွားတယ် ညီ လိုက်ခဲ့မယ်လေ
အကို "
" လာမယ့် Sundayကြ မနက်စောစော
ဒီအဆောင်ကိုပဲ အကိုလာခေါ်လိုက်နော်
ညီ စောင့်နေမယ် "အကိုက
" အိုကေ အကိုလာခေါ်မယ်နော် ညီ ဘိုင့် "" ဟုတ်ကဲ့ see u ပါ အကို " လို့ပြောပြီး
ကျွန်တော်အဆောင်ထဲဝင်ခဲ့ပါသည်၊ကျွန်တော် အပျော်လွန်၍ပင် အဆောင်အပေါ်လှေကားကိုပင်ပြေးတက်လိုက်မိပါသည်။
Sunday မရောက်ခင်ပင် အကိုနဲ့သွားရမည်
ကို တွေးကာ ရင်ခုန်တာမရပ်ဖြစ်နေပါတော့သည်။Sunday မနက်ခင်းးးတွင်
ကျွန်တော်တစ်ယောက် အဆောင်ရှေ့ကို
အခန်းပြတင်းပေါက်ကနေ ချောင်းချောင်းကြည့်နေမိပါသည်၊အကို ရောက်နေပြီလား
သိချင်၍သာ၊စောစောစီးစီး ရေချိုး၍
ပင် ပြင်ဆင်ထားတာ ကြာပြီဖြစ်သည်၊အကို
သတိထားမိအောင် rose ရေမွှေးလေးပင်
ဆွတ်ထားလိုက်ပါသေးသည်၊ထို့နောက်
အကိုအဆောင်အရှေ့ကိုရောက်လာပါသည်၊
အကို့ကိုမြင်မြင်ချင်း ကျွန်တော် အဆောင်
အောက်ကိုပြေးဆင်းသွားလိုက်ပါသည်၊
အကိုကတော့ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပင် ကျွန်တော်သည်ပဲပြာယာခက်နေသည်လားမပြောတက်ပါ။အကိုနဲ့ ကျွန်တော် ဘတ်စ်ကားစီးပြီးမြို့ထဲက စာအုပ်ဆိုင်ကို သွားခဲ့ကြပါသည်။
YOU ARE READING
သာမန်ထက်တော့ပိုပါသည် (Completed)
Short Storyအကိုနဲ့ကျွန်တော် သာမန်ထက်ပိုခဲ့ကြတယ်လို့ ထင်ပါတယ်၊တစ်ယောက်နဲ့တစ်ယောက် သဘောကျနေကြတာကို စကားလုံးတွေနဲ့မပြောခဲ့ကြလဲ ခံစားမိနေကြပါတယ်၊အကိုလည်း ကျွန်တော့်လိုပဲ ထပ်တူခံစားရမယ်လို့ ထင်ပါတယ်၊ကျွန်တော်ရဲ့ရင်ခုန်သံတွေကိုလည်း အကိုခံစားမိပါစေလို့ မျှော်လင့်လျ...