အပိုင်း ၃

197 22 2
                                    

သာမန်ထက်တော့ ပိုပါသည် . . .❣️
( More than usual ) - BL Short Story -

ဒီနေ့ သက်နိုင်နှင့်မြတ်မင်းတို့နှင့်
အတန်းလစ်မြည်ဟုတိုင်ပင်ထားကြ၍ ကျွန်တော်တို့ကျောင်းမသွားကြပါ၊တစ်နေကုန်အောင် မြို့ထဲလျှောက်ပတ်သွားလည်ကြပြီး ဘုရားကြီးနားက ဆိုင်တစ်ဆိုင်ထဲမှာ နေ့လယ်စာစားဖို့ဝင်ထိုင်ကြပါသည်။
ရာသီဥတုကပူပူနှင့်မို့ ချွေးတွေလည်းကြ‌
နေပါပြီ၊လည်ပတ်နေတုန်းကတော့ လည်ချင်ဇောဖြင့် မမောနိုင်၊ဆိုင်ထဲလည်းဝင်နားလိုက်ရော ပူလိုက်၊အိုက်လိုက်တာလွန်ပါသည်၊ဆိုင်ထဲတွင်သောက်စရာအအေးများမှာပြီး အမောဖြေနေကြပါသည်၊ထိုစဉ် သက်နိုင်မက

" ဟဲ့ နင်အရင်အပတ်Sundayက မြို့ထဲသွားတယ်ဆို ဘယ်သူနဲ့သွားတာလဲ "

" ‌တို့ မေဂျာအဆောင်နားက အကိုတစ်ယောက်နဲ့ပါအေ ညီးတို့ကလဲ တို့ကိုဆို
‌အမြဲထောက်လှမ်းရေလုပ်နေကြတာပဲ "

" အမလေး ကျုပ်တို့က ဘာမှမပြောရသေးဘူး ညီးဘာသာဝန်ခံနေတာ ဟုတ်တယ်မလား ကောင်မ "
ပြောပြောဆိုဆိုပင် သက်နိုင်မက မြတ်မင်းမကို စစ်ကူတောင်းလိုက်သည်၊

မြတ်မင်း မကလည်း " ဟုတ်ပါ့အေ
တစ်ယောက်ယောက်ကတော့ မြို့ထဲကိုကောင်လေးနဲ့ခိုးသွားတာ လူမိသွားတယ် ထင်ပါတယ် "

ဟု စစနောက်နောက်နှင့်ဆိုနေကြသည်။

" ဟယ် ဘယ်ကကောင်လေးလဲ နင်တို့ကလဲ
အသိအကိုပါဆိုမပြောချင်ဘူးနော် တကယ်ကောင်လေးဖြစ်ရင်တော့ ကောင်းတာပေါ့
အေ ဟီးး"

" အံမယ် ကောင်မကြိတ်ကြံနေတာမလား "

" အများကြီးမကြံပါဘူးဟယ် နည်းနည်းပါ "

" အေပါ ညီးရဲ့ ကိုကိုအကြောင်း တို့တွေကိုပြောပြပါအုံး "

ထိုကောင်မနှစ်ကောင် အတော်မသတ်နိုင်၍
တို့ အကိုနှင့်ဆုံခဲ့သည်မှအစ တွေ့ခဲ့ကြသည်အထိ ဇာတ်ကြောင်းအစုံပြောပြရ‌လေတော့သည်။

ထိုအခါမှ ကောင်မနှစ်ယောက်ငြိမ်သွားသည်၊
စကားပြောရင်းစားကြရင်းပင် ကျွန်တော်တို့၏အရှေ့ဘက် မျက်စောင်းထိုးဝိုင်းစီသို့ စုံတွဲလေး တစ်တွဲရောက်လာခဲ့ပါသည်။

သာမန်ထက်တော့ပိုပါသည် (Completed)Where stories live. Discover now