ငရှုပ်ကလေး

408 62 29
                                    

ခြံထဲက မြက်တွေကို နှုတ်နေတုန်းမှာပဲ
အနားရောက်လာတဲ့ အကိုဒိုယောင်း။

"ထားလိုက် မင်ဟျောင်း နားနားနေနေ‌
နေလေအကိုလုပ်လိုက်မယ်"

ပြောရင်းနဲ့လက်ထဲက ဖရဲသီးတစ်စိတ်ကို
မင်‌ဟျောင်းဘက်လှမ်းပေးသည်။

"ရတယ် ရတယ် ဒီနားလေးရှင်းပြီး
အပင်စိုက်မလားလို့"

မတ်တပ်ထရပ်ပြီး ဖရဲသီးစားရင်း
ပြန်ပြောတော့ အကိုဒိုယောင်းက
သူ့အဆိုကိုလက်ခံပြီး "အပင်စိုက်ရင်
ငါလည်းဝိုင်းကူမယ်
ခုတော့တူတူမြက်ရှင်းကြတာပေါ့"တဲ့

မင်ဟျောင်းက ကနေဒါမှာနေတုန်းကလည်း
အပင်တွေစိုက်ခဲ့တာ။
ခုလည်းမြေနေရာလွတ်ကိုမြင်တာနဲ့
အပင်စိုက်ချင်စိတ်က တဖွားဖွား။

ဟိုနေ့က ဘေးခြံက စွာကျယ်ကောင်လေး
အပင်ရေလောင်းနေတာတွေ့တော့
သူလည်း အပင်စိုက်ချင်လာရော။

ရေလောင်းနေတာများအပင်ကို
ရေနှစ်သတ်နေသလိုပဲ။

ကဲ...ဒါ‌တွေထားပါ
အဲ့ဒါက သူ့အပင်ရဲ့ဘဝ
ကိုယ်နဲ့မှမဆိုင်ဘဲ။
....................

လမ်းလယ်ခေါင်မှာမြေဆွေးအိတ်ကို
မနိုင့်တနိုင်သယ်နေတဲ့
လူနှစ်ယောက်။

ဝတ်ထားတဲ့အင်္ကျီက အဖြူရောင်
သယ်နေတာက မြေဆွေးအိတ်ကြီး။

လီမင်ဟျောင်းငနာလေး
သူသိသူတတ်စတိုင်လ်နဲ့
ခုတော့ပေကုန်တော့မယ်

စိတ်ထဲကနေကျိန်ဆဲနေပေမဲ့
လူကတော့အသံမထွက်နိုင်။
သူရောမင်ဟျောင်းရောက
အဖြူရောင်တွေဝတ်ထားကြတာ။

မြေဆွေးအိတ်ကြီးက တစ်ဖက်
ပန်းအိတ်တွေကတစ်ဖက်နဲ့ကင်ဒိုယောင်းက
စကားမပြောနိုင်သလို
ပန်းအိုးအလွတ်နဲ့ဆေးထုပ်တွေကိုင်ထားတဲ့
မင်ဟျောင်းကလည်းမောနေသလိုပါပဲ။

"အကိုက မပြောမဆိုနဲ့ဗျာ
ခုတော့ ရှိုးပဲ့တယ်"

"ငါမှသေချာမသိတာကွ
မင်းကစကားများနေတာကိုး"

လိမ္မာတဲ့မင်ဟျောင်းက
ဘာတစ်ခွန်းမှပြန်မပြောပင်မဲ့
မျက်နှာက စူစူပုတ်ပုတ်။
.................
ဖြစ်ပုံကတော့ ‌ဒီလို.....

?ZoneWhere stories live. Discover now