ဂလုံဂလွမ်ခံစားချက်

410 62 26
                                    

"မာခု...ရော့"

အကိုဂျယ်ဟွန်းလက်ထဲမှာ
စာအုပ်လေးတစ်အုပ်။
မင်ဟျောင်းအကြိုက်ဆုံးစာရေးဆရာ
နောက်ဆုံးထွက်ထားတဲ့စာအုပ်။

အဲ့စာအုပ်ထွက်တုန်းအင်မတန်ကြိုက်ပေမဲ့
ပိုက်ဆံမရှိလို့မဝယ်လိုက်ရ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
အကိုထယ်ယုံးအိမ်လိုက်လည်ရာကနေ
အဲ့ဒီ့စာအုပ်ကလေးကိုတွေ့ခဲ့တာ။
ငှားဖို့ပြောတော့ အကိုဂျယ်ဟွန်း
အရင်ပြောထားတယ်ဆိုလို့
ဒီနေ့မှဖတ်ရမှာ။

"အဲ့စာရေးဆရာကိုကြိုက်တာမလား
သူ့အရေးအသားတွေက တကယ်ကိုတော်တာ
ငါလည်းအရမ်းသဘောကျတယ်
ခဏခဏဖတ်ပေမဲ့ ရိုးမသွားဘူး"

ပြုံးပြုံးရွှင်ရွှင်နဲ့စကားတွေဆိုလာတဲ့
အကိုဂျယ်ဟွန်းရဲ့ပါးပြင်မှာ
ပါးချိုင့်ကလေးတွေကထင်းလို့
တည်တည်တံ့တံ့နေတတ်တဲ့ အကိုကို
အစက နည်းနည်းတော့ကြောက်မိပေမယ့်
ခင်မင်တတ်တဲ့ လူဖြစ်တာကြောင့်
စကားပြောရတာသက်တောင့်သက်သာရှိသား။

"ဂျယ်ဟွန်းနီး ကလေးနဲ့လေဖုတ်မနေနဲ့
သွားရအောင် အချိန်နီးနေပြီ"

အခန်းထဲကို ဝင်လာတဲ့ အကိုထယ်ယုံး။
အကိုထယ်ယုံးက အမြဲပြုံးနေတတ်တာ

"မာခုရား...ကောင်းကောင်းနေခဲ့နော်
အကိုတို့သွားလိုက်ဦးမယ်"

"ဟုတ်ကဲ့ ဂရုစိုက်သွားပါဦး
အကိုတို့"
......................

"ဟိုကောင်တွေသွားပြီမလား"

စာဖတ်နေတုန်းရောက်ချလာတဲ့ အကိုဒိုယောင်း။

"လိုက်မသွားဘူးလား"

အမြဲတပူးပူးတတွဲတွဲ လုပ်နေတတ်ကြတဲ့
သုံးယောက်ဆိုတော့ အကိုဒိုယောင်း
ကိုဒီတိုင်းမေးကြည့်ခြင်းသာ။

"တော်ပါ ဟိုကောင် ပြန်လာတာ
သွားကြိုမလို့တဲ့ သူတို့ပဲသွား "

ရင်ဘတ်ကိုဖိပြီးပြောနေပုံအရ
ဘာတွေစိုးရိမ်စရာရှိနေလဲမသိ။

"ဘာဖြစ်လို့လဲ သူငယ်ချင်းပဲ
မဟုတ်ဘူးလား"

"သူငယ်ချင်းတော့ သူငယ်ချင်းပဲ
တစ်သက်လုံးမပေါင်းချင်တဲ့ သူငယ်ချင်း"

?ZoneWhere stories live. Discover now