အီဟယ်ချန်းဆိုတဲ့2000ပြည့်နှစ်ဖွားကျွန်တော်က
62ရပ်ကွက်မှာ ကလေးဗိုလ်၊ရပ်ကွက်လူမိုက်
ဆိုတဲ့ဂုဏ်နဲ့နေလာတဲ့ဆရာတစ်ယောက်ဗျ။ကျွန်တော့်မှာ 61ရပ်ကွက်က
2001ဖွား ချန်းလော့ဆိုတဲ့
တရုတ်ကောင်နဲ့
63ရပ်ကွက်က 1999ခုနှစ်ဖွား
ဟင်ဒရီတို့က
သွေးသောက်ညီအစ်ကို လူမိုက်တွေ။ကျွန်တော်တို့က ရပ်ကွက်တွေကိုလျှောက်ပတ်ပြီး
မိချောင်းဖမ်းနည်း ဘာရွက်လဲ ဘာရောင်လဲ
ကနေစပြီး ကြိုးခုန် ဂေါ်လီရိုက် ပုံပစ်
တဲ့နေရာမှာဆရာပဲ။နိုင်ရင်တော့ပျော်ရပေမယ့် ရှုံးရင်ညစ်လို့
ဘယ်သူမှကျွန်တော်တို့နဲ့မဆော့ရဲဘူးဗျ။ဒါပေမယ့်ကျွန်တော်တို့အဖွဲ့ရဲ့ချစ်စရာ
ရုပ်ရည်လေးကြောင့် ရပ်ကွက်ထဲက
လူတိုင်းက ချစ်ကြတာပါပဲ။
အလှူဆိုထိပ်ဆုံးဝိုင်းမှာစားရတဲ့အထိ
လူရာဝင်တဲ့ ကလေးတွေပဲဗျ။ဒီလောက်လူချစ်လူခင်များပေမယ့် ကျွန်တော်နဲ့လုံးဝကို မတည့်တဲ့ ဂွစာတစ်ယောက်ရှိတယ်။
တခြားလူမဟုတ်ပါဘူး
ဘေးအိမ်က ကင်ဒိုယောင်းဆိုတဲ့ ဘရိုကြီးပဲရုပ်ရည်အရက ကျွန်တော့်လောက်
မချောပေမယ့် ကြည့်ကောင်းတဲ့ထဲပါပါတယ်
ဒါပေမဲ့ ကျွန်တော်ကတော့ ကြည့်မရလို့
ရုပ်ဆိုးကြီးလို့သတ်မှတ်ထားတယ်ပြီးတော့လေသူက
မကြီးမငယ်နဲ့ ကျွန်တော့်ကိုပြိုင်နေတာဗျ။
သူငယ်ချင်းတောင် ကျွန်တော့်လို
လိုက်ပေါင်းတာ။1996ဖွား ကင်ဒိုယောင်းဆိုတဲ့ ဘရိုကြီးက
1995ဖွား လီထယ်ယုံးဆိုတဲ့ အစ်ကိုကြီးနဲ့1997ဖွား ဂျောင်ဂျယ်ဟွန်းဆိုတဲ့
ရုပ်ချောချော လူနှစ်ယောက်နဲ့
လိုက်ပေါင်းတယ်လေ။သူလည်းကျွန်တော့်လို
အလတ်ဖြစ်ချင်နေတယ်ထင်တယ်။
သူက ကျွန်တော့်ထက်အရင်
အသက်ကြီးပြီးသူတို့နဲ့အရင်ပေါင်းပေမယ့်ပေါ့။အရင်ပေါင်းတယ်ဆိုပေမယ့် သူက ကျွန်တော်
အဲ့လိုပေါင်းမှာသိလို့ကြိုပေါင်းတာနေမယ်ကျွန်တော့်အိမ်က ဘယ်ဘက်က ရေရင်15အိမ်မြောက်ညာဘက်ကရေရင် 16အိမ်မြောက်အိမ်ပဲ
သူအိမ်ကတော့ ဘယ်ဘက်ကရေရင် 16အိမ်မြောက် ညာဘက်ကရေရင် 15အိမ်မြောက်ပဲ။အဲ့လိုတည်းကသူ့ကိုကျွန်တော်
သဘောမကျတော့တာပဲ
ကျွန်တော့်အိမ်ကဘယ်ဘက်ကနေရေရေ
15 အိမ်မြောက်ပဲဖြစ်စေချင်တာကျွန်တော်ပြောတာမှန်တယ်မလား
အဲနောက်ထပ် အမှားကြီးတစ်ခုရှိသေးတယ်
ကင်ဒိုယောင်းရဲ့အဖေအမေနဲ့ ကျွန်တော့်မိဘတွေသူငယ်ချင်းဖြစ်နေတာ အကြီးဆုံးအမှားပဲ။သူတို့ခင်နေတော့ အဲဒီ့ကင်ဒိုယောင်းဆိုတဲ့
ဂွစာကြီးရဲ့မျက်နှာကို
တစ်နည်းမဟုတ်တစ်နည်းနဲ့
တွေ့နေမြင်နေရတယ်ဗျရုပ်ကိုက ကျွန်တော်နဲ့ပြိုင်ချင်နေတဲ့ရုပ်ကြီး
ဒါပေမယ့်အဲ့အစ်ကိုကြီးက
ကျွန်တော့်ကိုငယ်ငယ်ကသိပ်ချစ်တာတဲ့ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ပါ
ကျွန်တော်ကတော့ကြည့်မရဘူးဗျ
ကင်ဒိုယောင်းကိုမြင်ရင် ပြိုင်ချင်စိတ်တွေပေါ်လာရော။သူ့သူငယ်ချင်းနှစ်ယောက်ကိုတော့
အဲ့လိုစိတ်မရှိပါဘူး အထူးသဖြင့်
လီထယ်ယုံးဆိုတဲ့အစ်ကိုကြီးပေါ့
အဲ့အစ်ကိုကြီးက ကျွန်တော့်ကို ချစ်တယ်လေ
မုန့်လည်းဝယ်ကျွေးတယ် မုန့်ဖိုးလည်းပေးတယ်။ကျွန်တော်ဖြစ်ချင်တဲ့ ဘယ်ဘက်ကနေရေရေ 15အိမ်မြောက်ဖြစ်လာမယ့်အခွင့်အရေးကြီးကတစ်နေ့တော့အကောင်အထည်ပေါ်လာလေရဲ့။
အကြောင်းအရင်းစစ်စစ်က ကင်ဒိုယောင်းရဲ့
ညီဝမ်းကွဲအီမင်ဟျောင်းဆိုတဲ့ အရမ်းချောတဲ့နတ်သားလေးကြောင့်ပဲဗျ။ကျွန်တော်ကသာသဘောကျတာပါဗျာ
အဲ့နတ်သားက စိတ်ပုတ်ကြီး။ဒါပေမဲ့တစ်ရက်တော့ အီမင်ဟျောင်းခေါ်
မာခုဆိုတဲ့အစ်ကိုကြီး
ဘာဆေးတွေမှားသောက်တယ်မသိ
ကြက်သီးထစရာကောင်းတဲ့
အကြင်နာမျက်ဝန်းတွေနဲ့
ကြည့်လာလေရဲ့။အဲ့တာကတော့နောက်အပိုင်းမှဆက်ပြောမယ်ဗျာ
သိချင်ရင်လိုက်ခဲ့တော့ ။................
💚127 Day 💚
မင်္ဂလာရှိတဲ့နေ့ရက်လေးကို ပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းနိုင်ကြပါစေ🎊
![](https://img.wattpad.com/cover/291770764-288-k89243.jpg)
YOU ARE READING
?Zone
Storie d'amoreတည်ငြိမ်နေတဲ့ရေပြင်ကို ကျောက်ခဲနဲ့ပေါက်မယ် ဒါတောင်မှမလှုပ်ရင် ကျောက်တုံးကြီးပစ်ချမယ် 27.01.22