ဆန်းစစ်ရန် လိုသေးကြောင်း

441 67 61
                                    

DAY 1
ဟိတ်......ချစ်ကြည့်လား

DAY 2
ဖိုက်တာလို မချစ်ချင်ဘူးလား မာခ့်

DAY3
ကျွန်တော့်ကို ပြန်ချစ်လိုက်စမ်းပါ
မာခ့်ရယ်လူသားဆန်ပစ်လိုက်စမ်းပါ

DAY 4
မာခ့်ကိုချစ်ပါတယ်
မာခ့်ကိုအားကိုးပါတယ်
နေ့ကြီးရက်ကြီးတွေနဲ့ ရုံး
ပိတ်ရက်တွေမှာ
မာခ့်နဲ့အတူလည်ချင်ပါတယ်

................

မင်ဟျောင်းဆီရည်ရွယ်ပြီး
ရောက်လာတဲ့ စာတိုလေးတွေ။

ဖေစ့်ဘုတ်လူမှုကွန်ယက်က
ပေါက်ပန်းလေးဆယ်စာတွေကို
စုတ်ပဲ့နေတဲ့ လက်ရေးပိစိတွေနဲ့
ပြန်ကူးရေးထားတဲ့စာရွက်ရောင်စုံ။

ဒါပေမဲ့ အဲ့ဒီ့စာရွက်တွေဟာ
သက်ဆိုင်သူဖြစ်တဲ့ မင်ဟျောင်းဆီကို
ရောက်မနေခဲ့ပြန်ပါဘူး။

ဟုတ်ပါတယ်
ကယ်တင်ရှင်ကင်ဒိုယောင်းပါ

ဦးနှောက်ဆိုတာ ဖြုတ်လောက်ပဲရှိတဲ့
ဟယ်ချန်းဆိုတဲ့ သတ္တဝါလေးက
အခုချိန်ထိ မင်ဟျောင်းရဲ့ အခန်းကို
ရှာမတွေ့သေးပုံပါပဲ။

ဒိုယောင်းတို့အိမ်ရဲ့ စာတိုက်ပုံးထဲကို
ခိုးကြောင်ခိုးဝှက်နဲ့ စာလာလာထည့်လေရဲ့။

မင်ဟျောင်းတွေ့ရင်လည်း
လွှင့်ပစ်မယ့်တူတူ
ဒိုယောင်းက ပဲ ယူယူဖတ်ပြီး
သိမ်းထားလိုက်တယ်။

လွှင့်ပစ်သေးပါဘူး
နောင်တစ်ချိန် အသုံးဝင်ချင်ဝင်လာမှာ
ရယ်တယ်လေ

ဟယ်ချန်းဆိုတဲ့ဟာလေးက
ဘာမဟုတ်တဲ့ စာတိုကိုတောင်
ရက်မမှန်ဘူးဗျ။ တစ်ရက်ခြားလိုက်
နှစ်ရက်ခြားလိုက်နဲ့ ။

...............

"ရပ်လိုက်စမ်း"

စာတိုက်ပုံးကိုဖွင့်ပြီး စာယူတဲ့
ကင်ဒိုယောင်းရဲ့ လက်တွေက
တုန်လှုပ်သွားခဲ့တယ်။

?ZoneWhere stories live. Discover now