END GAME
24:1:2022
___________________________
" ဒိအပတ်ရဲ့၀င်ငွေတွေပါ "
" ချထားခဲ့ "
စာရင်းဇယားတွေကိုအာရုံစိုက်ကာ ဖတ်နေပေမဲ့
မျက်လုံးတောင့်ကနေ
မြင်နေရတဲ့ ထယ်ဂျောင်း ပုံရိပ်ကြောင့်
" ပြောစရာရှိသေးတာလား "
" မှာထားတာရပါပြီ "
မှာထားတာရပါပြီဆိုသောစကားမှာသူ
စာရွက်ကိုလှန်နေသော
လက်သွယ်သွယ်တွေရပ်တန့်သွားကာ မျက်္မှန်ကို
ချွတ်လိုက်ပြီစာပွဲပေါ်အသာယာတင်လိုက်လေသည်
" ဟုတ်လား..စောသားပဲ "
" Boss လိုချင်တယ်ဆိုလို့သူတို့အမြန်စီစဉ်ပေးလိုက်တာပါ
ဒါပေမဲ့သတိထားရမှာက အလွန်ကျူးမသုံး
ဖို့ပါပဲ "
" ဟွန်..... "
ထယ်ယောင်း ခုံမှထလာပြီး ထယ်ဂျောင်းနားကို
လျှောက်လာရင်း ပုခုံးဘေးမှကျော်သွားကာ
မှန်ချပ်နားမှာခြေလှမ်းတွေရပ်သွားလေသည်
" မနက်ဖြန်ည ဆေးလဲလှယ်တဲ့ချိန် သူ့ကိုခေါ်သွားလိုက် "
" Nae ! "
" ခေါ်သွားလိုက် ဒါမှ ရဲသားကြီး က ရာဇ၀တ်မူ့ကို
ရပ်ကြည့်နေရတာဘယ်လိုခံစားရမလဲ
ငါသိရမှာ "
ထယ်ယောင်း လက်ချောင်းသွယ်သွယ်တွေကိုမြှောက်ကာ
လက်ဖြောက်တစ်ချက်တီးလိုက်တော့
သူ့ရှေ့က မှန်ချပ်သည် အငွေ့တွေတစ်ချို့ဖံုးအုပ်သွားကာ
မှန်အကြည်ဖြစ်သွားလေသည်
အထဲမှာကတော့ချစ်လှစွာသော
ချစ်သူစုံထောက်လေးပေါ့
" ထားခဲ့ပြီးသွားတော့ "
" နားလည်ပါပြီ "
ထယ်ဂျောင်း လက်တစ်ဆုပ်စာ ဆေးပုလင်းလေးကို
စာပွဲပေါ်မှာတင်ခဲ့ကာ
အရိုအသေပေးပြီးထွက်သွားလေသည်
YOU ARE READING
END GAME ( Completed )
FanfictionYou can't be my jailer . Let the games begin. VMIN メ Kim Taehyung X Park Jimin 23.1.2022, unicode only
