⚓15⚓

629 119 64
                                    

END GAME
___________________________

" အဟွန်း ! "

မနေ့ညကိုဖြတ်သန်းပြီးထဲက
သူ့ရဲ့အသံတွေကချောင်းပဲခဏခဏဆိုးနေမိလေတော့သည်
ရှက်နေမိသည်လား မသေချာ‌မရေရာလေးနဲ့ပေါ့

" ဂျီမင်းလေး "

အခန်းတံခါးလေးအသာဖွင့်ကာ လာခေါ်သော
အိမ်တော်ထိန်းကြီး

" .... "

" အကိုလေးခေါ်ခိုင်းလိုက်တယ် မနက်စာစားဖို့ "

" ကျွန်တော်လိုက်လာခဲ့ပါ့မယ် "

" နားလည်ပါပြီ "

အိမ်တော်ထိန်းကြီး အခန်းတံခါးလေးပြန်ပိတ်သွားမှ
ရှေ့ကမှန်ကိုပြန်ကြည့်ကာ
ဆွယ်တာလေးကိုလည်ပင်းပိတ်ထိဖုံးတင်လိုက်လေကာ

မနက်စာစားဖို့အခန်းထဲကထွက်လာခဲ့တော့လေသည်

ခါတိုင်းဆို လိုက်ကာတွေအမြဲပိတ်ထားတက်သော
ထယ်ယောင်းရဲ့အိမ်ကြီးကအခုတော့
လိုက်ကာတွေအကုန်လုံးကိုချည်နှောင်ထားကာ
မှန်သားပြင်တွေကနေအပြင်ကနေရောင်လေးတွေ
ဖျာကျစေလေတော့သည်

ဆွယ်တာလေးကိုလည်ပင်ထိလုံခြုံအောင်၀တ်ထားကာ
ည၀တ်ဘောင်ဘီလေးနဲ့နတ်သားလေသည်
မနက်စာစားဖို့လျှောက်လာလေတော့

ကျောက်သားစာပွဲကြီးကနေ တောက်လျှောက်
ကြည့်နေ‌ခဲ့သောလူဆိုးလေး

" အဟွန်း ! "

" ကိုယ့်နားလာခဲ့ "

ဂျီမင်းလဲထယ်ယောင်းနားလျှောက်လာကာ
ထယ်ယောင်းဘေးကခုံမှာ၀င်ထိုင်လိုက်တော့ထယ်ယောင်း
ရှေ့က ဖန်ခွက်ထဲကဖယောင်းဖြူလေးကို
မီးညှိလိုက်ကာ

" နေလို့အဆင်ပြေရဲ့လား "

" ဘာကိုလဲ "

" ကိုယ်ပြောတာ .. "

ထယ်ယောင်းကသူ့ဘက်ကိုစိုက်ကြည့်မိချိန်သူကလဲ
ထယ်ယောင်းကိုကြည့်မိလိုက်တော့
နှစ်ယောက်လုံးရဲ့မျက်၀န်းလေးတွေသည်ကြင်နူဖွယ်ရာ
အချစ်မျက်ဝန်းမျိူးနဲ့‌ဆုံ‌ေ‌တွ့လေတော့သည်

END GAME ( Completed )Where stories live. Discover now