24

532 111 92
                                    

END GAME
24/2/2022

____________________________________

" မောင်းထုတ်လိုက် "

အခန်းတံခါးကိုကိုင်ထားသာလက်လေးတွေသည်
အနည်းငယ်တွန့်ဆုတ်နေလေသည်အကြောင်းက
‌ထယ်ယောင်းကသူ့နောက်ကနေဓားမြှောင်နဲ့‌
ထောက်ထားလို့ပေ

" အဲ့လောက်ထိလုပ်ဖို့လိုလို့လား ယောင်း... "

" မင်းသုံးခါသစွာဖောက်ထားတာလေပတ်ဂျီမင်း "

" ဟူး... "

ရင်လေးသောအသက်ရူသံနဲ့အတူ
တံခါးလေးသည်အသာယာတွန်းဖွင့်လိုက်လေတော့

" ဂျီမင်းရှီး ! "

" ဟို... "

အခန်းရှေ့ကခုံတန်းလေးမှာစောင့်နေသော
ယွန်းဂီရဲ့တပည့်လေးသည်
သူ့အားတွေ့တော့ချက်ချင်းထလာလေသည်

" ဟို..ကျွန်တော်ဗိုက်အရမ်းဆာလို့တစ်ခုခုသွား၀ယ်ပေးလို့ရမလား "

" အမိန့်တိုင်းပါ "

" ဒါနဲ့ ..ကင်ထယ်ယောင်းသတင်းကောဘာကြားသေးလဲ"

" သူ့ကိုတော့အခုတော့ရှာမတွေ့သေးဘူး‌ဒါပေမဲ့
ရဲ၀န်းတမ်းနှစ်ဦးကိုတော့ရှာတွေ့ပြီး
အခုဆေးရုံတင်ထားတယ် "

" အာ...နားလည်ပါပြီ "

" ဒါဆိုအခန်းထဲမှာစောင့်နေပါကျွန်တော်သွား၀ယ်ပေးပါမယ်ဂျီမင်းရှီး "

".... "

ဂျီမင်းခေါင်းလေးငြိမ့်လိုက်ကာ
အခန်းတံခါးလေးကိုပြန်ပိတ်လိုက်လေတော့

" ဟက်.! တော်သားပဲ "

" ထယ်ယောင်း "

" ...သွားမယ် "

ဂျီမင်းပြောမရတဲ့အဆုံး
ထယ်ယောင်းယူလာပေးသော
ဝှီးချဲလေးပေါ်မှာထိုင်လိုက်ကာ မျက်နှာကို
Mask တပ်လိုက်သည်

" အခုမင်းဘာတွေဆက်လုပ်မှာလဲယောင်း "

အခန်းထဲကမထွက်‌ခင်ပြောသော
ဂျီမင်းရဲ့စကားပင်

END GAME ( Completed )Where stories live. Discover now