25

570 108 93
                                    

END GAME
27:2:2022
____________________________________

" ဒါဘယ်ကိုသွားနေတာလဲ ယောင်း... "

ထယ်ယောင်းသူ့လက်ကိုတွဲထားကာ
ရှေ့ကနေဦးဆောင်ပြီးတစ်နေရာရာကိုဦးတည်နေလေသည်

" ယောင်း... "

" ခဏနေသိရလိမ့်မယ် "

ထယ်ယောင်းနောက်ကိုလှည့်ကြည့်ကာ
သူ့ကိုပြုံးပြတာမို့
သူလဲဘာမှမစဉ်းစားတော့ပဲခေါင်းလေး
ငြိမ့်လိုက်္မိသည်

သူကိုနိုင်ငံခြားတစ်နေရာရာကိုခေါ်သွားမယ်
တွေးထားခဲ့ပေမဲ့ဒိနေရာက
ကိုရီးယားနယ်မြေထဲမှာသာရှိနေသေးသည်ဆိုတာ
လမ်းမတစ်လျှောက်ဖြတ်ကျော်လာတဲ့
လယ်ကွင်းတွေကိုကြည့်ရင်းနဲ့သိနိုင်လေသည်
ဘာလို့ဆိုကျေးလက်ဒေသကအမျိုးသမီးတွေကြီးရဲ့
ပုံစံတွေကြောင့်ပင်

" ယောင်း.... "

"..... "

လေယာဉ်ကွင်းကနေတောက်လျှောက်ဘာမှ
မပြောပြခဲ့သော ယောင်း သည် အခုထိကိုဘာမှသူ့ကို
မတုန့်ပြန်သေးပင်

" ကိုယ်ကိုယုံတယ်မှတ်လား "

တော်တော်ကြာမှပြတင်းပေါက်ကိုကြည့်နေရင်း
ပြောလာတဲ့ထယ်ယောင်းစကားကြောင့်
သူ့ထယ်ယောင်းလက်ကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်မိသည်

" ယုံတယ် "

" အဲ့အဖြေကအားလုံးတွက်လုံလောက်နေပါပြီ "

- ဟုတ်တာပေါ့လုံလောက်ပါပြီ ..
ချစ်ရတဲ့သူနဲ့ပဲဟာ ဘယ်နေရာ
မဆိုသူသွားနိုင်ပါတယ် "

ဒီလိုနဲ့တောလမ်းလေးတွေကိုဖြတ်ကျော်ပြီး
တောင်ငယ်လေးတစ်ခုပေါ်မှာ
ဆောက်ထားတဲ့သစ်သားနံလေးတွေသင်းနေတဲ့
အိမ်ငယ်လေးကိုချစ်ဖို့ကောင်းရွယ်တွေ့လိုက်ရလေသည်

" ရောက်ပါပြီ Kim "

ရှေ့ကထယ်ယောင်းတပည့်ဖြစ်ပုံရသူ
ကားလေးကိုရပ်လိုက်တော့

END GAME ( Completed )Where stories live. Discover now