-1-

1.7K 135 15
                                    

+++++Unicode++++

ခွပ်။

ခွပ်။

အုပ်နံရံကိုမှီထားလျက် ခြေဆင်းထိုင်နေသော Jakeက လက်ဖဝါးပေါ်မှဖရုံစေ့များကို တခွပ်ခွပ်ဖြင့် ခွာစားနေသည်။

လက်ထဲမှာကုန်လုနီးနီးဖြစ်နေသည့် ဖရုံစေ့များကိုထပ်မံရယူရန် Jakeက သူ၏ခြေတံရှည်ဖြင့် Sunghoon၏ဝမ်းဖိုက်ပေါ်တွင် ခေါင်းအုံးထားလျက် ဖရုံစေ့ဗူးကိုကိုင်ထားသော ‌Jayထံ ခြေမဖြင့်လှမ်းတို့ရင်းတောင်းသည်။

ကျဉ်းမြောင်းလှသော သံတိုင်တို့ကာရံထားသော အခန်းငယ်အတွင်း သူတို့သုံးယောက်သာရှိသည်။

Jayက သူ၏ပေါင်ကို လာထိတွေ့သော Jake၏ ခြေ‌မကို လက်ဖြင့်ပုပ်ထုပ်ကာ ဖရုံစေဗူးကို လှမ်းပေးသည်။

"Sunghoon ငါအခွံခွါရတာ ပျင်းလာပြီ ငါ့ကိုခွာပေးပါလား။"

ကြမ်းပြင်ပေါ် လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်ကာ ခုအုံးလျက်ပက်လက်လှဲနေရင်း မျက်စိနှစ်လုံးတင်းတင်းပိတ်ထားသော Sunghoonက Jay ၏တောင်းဆိုအသံကြောင့် အိပ်နေရာမှ ထထိုင်သည်။

တင်ပျဉ်ခွေအနေအထားဖြင့် ထ,ထိုင်လာသော Sunghoon၏ပေါင်ပေါ်သို့ Jayက သူ၏ခေါင်းကိုခပ်မြန်မြန်ရွှေ့လျက် အုံးတင်လိုက်သည်။

Jake ထံသို့ရောက်ရှိသွားသော ဖရုံစေ့ဗူးကို Sunghoon လှမ်းယူရင်း Jayအတွက် ဖရုံစေ့ခွံများကို သပ်သပ်ရပ်ရပ်ခွာပေးရှာသည်။

"ကျစ်! ‌သောက်အတွဲတွေများ သောက်ပိုတွေ သိပ်လုပ်ကြတာပဲ"

မျက်စောင်းကို Jayနှင့်Sunghoon နှစ်ယောက်ထံ လွင့်ထွက်အောင်ထိုးပစ်ကာ မိမိ၏ကျောတခင်းစာ အိပ်ရာလေးထံသို့ ထ,လာခဲ့သည်။

"အလကား သပ်သပ်မနာလိုတာ"

အိပ်ရာထက်လှဲ‌လျောင်းရန်ပြင်နေသော Jakeက Sunghoonထံ ခေါင်းအုံးဖြင့် လှမ်းပစ်ပေါက်သည်။

"နွား"

Jakeပစ်ပေါက်သည့် ခေါင်းအုံးကို Jayက လက်ထဲပိုက်လျက် ရယ်မောနေမိသည်။

တကယ်တော့ ပျော်စရာမကောင်းသည့်နေရာတစ်ခုမှာ သူတို့ရောက်နေခြင်းဖြစ်ပါသည်။

02Where stories live. Discover now