+++++Unicode++++
မီးရောင်စုံက စည်းချက်ညီညီ Beatများနှင့်အတူ ပြိုးပြိုးပြက်ပြက်အရောင်လဲ့လျက် ။ ဆူညံညံတီးလုံးသံစဉ်တွေကြား အရှိန်ကောင်းကောင်းဖြင့် ပျော်ပါးကခုန်နေသည့် လူစုတို့ကလှုပ်လှုပ်ရွရွ။
သူ့ထက်ငါ လှပအောင်ဝတ်စားဆင်ယင်ထားသည့် မိန်းကလေးများ၏ခန္ဓာတို့ဟာ သူတို့ကိုယ်ပိုင်အလှအပတို့ကို ဖော်ဆောင်ထားကြသေးသည်။ညည့်နက်လာလေလေ တီးလုံးသံတို့က ကျယ်လောင်လာလေလေ။တစ်ယောက်ပြောသောစကားကို နီးကပ်နေသော်ညား မကြားရနိုင်အောင်ပင်။
Dance floorမှာ မဒီကညာတို့ဝိုင်းပတ်ကာ စည်းချက်နှင့်အတူ ခန္ဓာကိုယ်ကို ကြွယွအောင်လှုပ်ရှားနေသော Jay ကိုကြည့်ရသည်မှာ ကမ္ဘာလောကကြီးကိုပင် လျစ်လျူရှု့ထားသလို။
"ဟျောင့် floor ထဲဆင်းမယ် ၊မဟုတ်ရင် မင်းကောင် ပါသွားတော့မယ်"
Jake၏ပြောစကားကို သူ ခပ်ပြုံးပြုံးပင်နားထောင်ရင်း အရက်တစ်ခွက်ကို လျင်မြန်စွာမော့ချလိုက်သည်။
"သူပျင်းလာရင် ငါ့ဆီပြန်လာလိမ့်မယ်"
Jake တစ်ယောက် ခေါင်းကိုခါရမ်းကာ Sunghoon ထံရှေ့လက်ညှိုးတစ်ချောင်းကိုထောင်၍ ထပ်ခါခါညွှန်ရင်း။
"မင်းကတော့ကွာ "
မကြာမီအချိန်အတွင်းမှာပင် Jay သူတို့နှစ်ယောက်ရှိရာ စားပွဲသို့ရောက်လာကာ သူ့ဘေးတွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
" မင်းတို့က မကဘူးလား ငါတစ်ယောက်တည်းပျင်းစရာကြီး လာကွာအတူတူသွားကဲမယ်"
Jay ၏ချွေးပြန်နေသည့်နဖူးစပ်ကို သူ့နှုတ်ခမ်းများဖြင့် ဖူးခနဲတစ်ချက်မှုတ်ထုပ်လိုက်၏။
"မမောသေးဘူးလား အချစ်"
"အင်း နည်းနည်း ၊အချစ်နဲ့အတူကဖို့ အားတွေချန်ထားသေးတယ် "
အပြုံးတွေဝေဆာလို့ပြောလာသည့် သူ့အချစ်က တကယ့်အဆိုးလေးပါပဲ။အင်း ဒီလိုဆိုးနေတာကိုပဲ သူက ရူးရူးမိုက်မိုက်တွယ်တာနေမိခဲ့သည်ပဲ။
"လာကွာ သွားကြမယ်၊ Jake လာစမ်းပါ ။ငြိမ်နေတာ မင်းစတိုင်မဟုတ်ဘူး"