ဖြတ်သွားဖြတ်လာလူအများ၏ဖိနပ်သံစုံဟာ airport terminal အတွင်းခပ်ညံညံ။များပြားထူထပ်သောလူအများကြောင့် Jayတစ်ယောက်ခေါင်းပင် ချာချာလည်ချင်လာသည်။အရှေ့အနောက်တောင်မြောက်ကို မျက်စိတောင်းမှောက်ကြည့်နေရင်း လက်တဖက်မှလည်း Nishimura RiKi နာမည်နှင့်ဘုတ်တစ်ခုကိုထောင်လျက်။လက်ကောက်ဝတ်မှနာရီကိုတချက်ငုံကြည့်ကာ စိတ်မရှည်ဖြစ်ရတော့သည်။
"ဒီဂျပန်ကောင်ကတော့ လေယာဉ်လည်းဆင်းပြီးပြီဟာကိုအခုထိပေါ်မလာသေးဘူး"
လေယာဉ်ဆင်းလာသော လူအများစုဟာ တစ်သုပ်ပြီးတစ်သုပ် Jayရှေ့မှထွက်သွားကြလေသည်။ထိုအထဲ၌ အနက်ရောင် ဂျင်းဘောင်းဘီနှင့်ဂျာကင်ကို တကိုယ်လုံးမှာနက်ဆွေးအောင်ဝတ်ဆင်ထားပြီး ဂျာကင်အောက် ခံဝတ်ထားသော အနက်ရောင်သိုးမွှေးဆွယ်တာကိုတော့ နှုတ်ခမ်းနားအထိဖုံးကွယ်ဝတ်ဆင်ထားသည့်လူငယ်လေးJayရှေ့မှဖြတ်သွားသည်ကို သတိမထားလိုက်မိ။
Jayရှေ့တွင်ဖြတ်သွားချိန်တွင်လည်း သူ၏နာမည်နှင့်ဘုတ်ကို တစ်ချက်ကြည့်ကာ smirk တစ်ခုလည်းချန်ခဲ့သေး၏။
ဘာလဲဟ ဒီမလောက်လေးမလောက်စားကောင်က။
ကျောခိုင်းပြီးအဝေးသို့ရောက်သွားသော အကွာအဝေးမှာ။
"အဲ့တာ Nishimura RiKi များလား?'
"ငယ်သေးတယ်ဆိုတော့ ဟုတ်နိုင်တာပဲ ဟေ့ ဟိုကလေးးး"
Jayထိုကောင်လေးနောက်ကိုအပြေးလိုက်သွားသော်လည်း လက်ဆွဲအိပ်တစ်လုံးကိုပုံခုံးပေါ်သို့ နောက်ပြန်တင်ကိုင်ထားသော ဂျပန်လူမျိုးဟာ အနက်ရောင်ပြိုင်ကားတစ်စီးပေါ်တက်သွားတာမြင်လိုက်ရသောကြောင့် မိမိကားရှိရာ ပါကင်သို့အမြန်သွား၍ ထိုကောင်လေး ကားနောက်လိုက်ရတော့သည်။
အရှေ့က ပြိုင်ကားအနက်မှာလည်း သူလိုက်နေတာကို သိနေသလို အရှိန်ကိုတစ်ချက်မှအလျော့မပေး။သူကလည်း အမြန်နှုန်းထားကိုတင်၍ ထိုကားနဲ့ဘေးချင်ယှဉ်ဖြစ်သည်အထိ မောင်းနှင်မိသည်။
နှစ်စီးပြိုင်ဖြစ်သွားသော အနက်ရောင်နှင့်အပြာရောင်ပြိုင်ကားလေးဟာ လမ်းမထက်တဝီဝီဖြင့်ပြိုင်မောင်းနေသကဲ့သို့ မြင်ရသူရင်မအေးဖွယ်။