"ကျွန်တော်ရောက်ပြီ အဖေ"ရေပြာပြာကြည်ကြည်ကန်ထဲမှ တက်လာသော သူ၏ဖခင်ဖြစ်သူဟာ ဆေးလိပ်ဗူးအတွင်း ဆေးလိပ်တစ်လိပ်ကိုယူ၍ မီးညှိဖွာရှိုက်ရင်း Jayကိုကြည့်လာသည်။
ထို့နောက် Jayပါးပြင်ပေါ်သို့ ကျရောက်လာသော အားပြင်းပြင်းလက်သီးတစ်ချက်။
ယိုင်နဲ့သွားသည့်ခန္ဓာကိုယ်ကို မတ်ကာ ပါးစောင်အတွင်းထွက်လာသော ငံကျိကျိသွေးအချို့ကို ထွေးထုပ်ပစ်လိုက်သည်။
"ကျွန်တော်ဘာမှားလို့လဲ"
"သူများထက်မိုက်ချင်ရင် အကုန်လက်စဖျောက်ရတယ်ကွ ။မိုက်ချင်ရင် အုံးနှောက်သုံးပြီးမိုက်။"
အဖေပြောချင်သည့်အကြောင်းအရာကို သူနားလည်သဘောပေါက်သွားသည်။ဂွမ်ဂျူအမတ်လောင်းသား သေဆုံးမှုနှင့်ပတ်သက်ပြီး အဖေကစိတ်တိုနေတာဖြစ်သည်။
"မင်းမှာလုပ်စရာတွေအများကြီးရှိသေးတယ် ။ ဟိုနှစ်ကောင်နဲ့ပေါင်းပြီး အရေမရအဖတ်မရလုပ်နေရမယ့်အချိန်မဟုတ်တော့ဘူး Jay"
"အဖေအဲ့လိုပြောရအောင်ထိတော့ မလိုဘူးထင်တယ် ။ ဒီအသက်အရွယ်အထိ အဖေနဲ့ကျွန်တော့်ကြားမှာ အပေးအယူနဲ့ပဲ နေလာတာလေ ကျွန်တော်ဘက်ကပေးပြီးရင် ရယူမှုအနေနဲ့ကျွန်တော့်လွပ်လပ်ခွင့်ကိုရွေးချယ်လိုက်တာပဲရှိတယ်။"
စီးကရက်တိုကို လက်ကခါထုပ်ရင်း အဖေက သူ့ကိုခနဲ့ပြုံးတချက်ဖြင့် စကားဆိုသည်။
"မင်းကိုထောင်ထဲကမထုတ်ခဲ့သင့်ဘူး"
"ကျွန်တော်ကလည်းပြန်သွားဖို့ကြောက်ရွံ့မနေပါဘူး"
"တော်ပီ မင်းနဲ့ဆက်စကားများနေတာ ငါ့အတွက်အကျိုးအမြတ်ရလာမှာလည်းမဟုတ်ဘူး ငါပြောတာနားထောင်။
မနက်ဖန် ဂျပန်က ငါနဲ့အလုပ်တွဲလုပ်နေတယ့်မိတ်ဆွေရဲ့သားလာမယ် ကိုးရီးယားကိုအလည်အပတ်သက်သက်လာမှာမို့ မင်းကဧည့်ခံပေးလိုက်။"
"ကျွန်တော့်အတွက် အခကြေးဘာပြန်ရမှာလဲ"
"အဲ့ကလေးနဲ့အဆင်ပြေရင် ဂျပန်နဲ့ပူးပေါင်းမယ့် ငါ့အလုပ်တွေမင်းလက်ကိုလွှဲပေးမယ် အကျိုးအမြတ်အားလုံး မင်းယူလိုက်။"