++++Unicode+++
ဂျွီ!
သံတံခါးနှစ်ချပ်ဖွင့်လှစ်လိုက်သည်နှင့် သဘာဝနေရောင်စူးစူးက သူတို့အားလုံး၏မျက်လုံးထဲမှာ စူးထင်းသွားသည်။
နွေအလည်မှာ လေအေးအေးဟာ မျက်နှာများပေါ်သို့ ရိုက်ခတ်လာသည့်အချိန်မှာတော့ Jayပြုံးလိုက်မိသည်။
သောက်သုံးမကျချက်က ၆လဆိုတဲ့အချိန်ကိုအလဟသ ဖြုန်းလိုက်မိတာပဲ။သူတွေးနေသလိုမျိုး Jakeလည်း ကျိန်းသေတွေးမိမှာ။
ဝတ်ထားသော ဂျင်းJacket၏ဘေးနှစ်ဖက်အိပ်ကပ်အတွင်းသို့ လက်နှစ်ဖက်ကိုနှိုက်ထားလျက် ရှေ့တည့်တည့်ကိုမျက်နှာမူထားသော Jakeမျက်နှာက မာထန်နေသလိုမျိုး Sunghoonရဲ့ရေခဲရိုက်မျက်နှာသည်လည်း တည်ကြည်နေသည်။သေချာပေါက်Sunghoonတစ်ယောက် စိတ်လှုပ်ရှားနေတာဖြစ်မည်။
Jayကတော့ Leather jacketခပ်ပွပွကို ပုခုံးထပ်လျောချထားကာ ခေါင်းကိုစောင်း၍ လည်ပင်းကိုဘယ်တစ်ချက် ညာတစ်ချက် အသံမြည်အောင်လှုပ်ရှားလိုက်၏။
"Hey Guys!"
Jayခေါ်သံကြားသည်နှင့် လမ်းကိုတည့်တည့်မတ်မတ်လျှောက်နေကြသည့် Jakeနှင့် Sunghoonက ချက်ချင်းဆိုသလိုရပ်သွားသည်။ထိုအခါမှ Jay က နှစ်ယောက်လုံး၏ပုခုံးကိုဖက်၍ခပ်ရွှင်ရွှင် စကားဆိုလိုက်၏။
"ဒီနေ့ ငါ့ကလေးအသစ်လေးကိုတွေ့ရမှာကွ မင်းတို့ကို ငါ့ကလေးနဲ့အိမ်ပြန်လိုက်ပို့ပေးမယ်။"
Jakeက သူ့ပုခုံးပေါ်က Jayလက်ကိုဖယ်ချကာ။
"သောက်ကောင်! စောစောက ကြိုမပြောဘူး။အဖွားက လာကြိုမယ်ပြောထားပြီးပြီ။မင်းသာကြိုပြောရင် လာခဲ့ဖို့ဘယ်ပြောမလဲ"
"ပြီးရောလေ ဒါဆို အချစ်ကိုပဲ လိုက်ပို့တော့မယ် နော် အချစ်"
Sunghoon၏ ခေါင်းကို Jayက သူ့ခေါင်းလေးဖြင့် ဘေးကနေဖွဖွတိုက်ကာဆိုတော့ Sunghoonကပြုံးလျက် လက်ခံသည့်သဘော ခေါင်းညိတ်ပြသည်။
အပြင်ဘက်သို့ ရောက်သည်နှင့် သူတို့သုံးယောက်လုံးစိတ်ထဲမှာ ထောင်ကျဖူးသည်ဟူသောအတွေးဖြင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေမည့်အထဲမှာမပါ။အချုပ်ဆိုတာ သွားနေကျအိမ်သာလို။ထောင်ဆိုတာက အပျင်းပြေသွားနေရသော ချွေးထုပ်ခန်းလို ရင်းနှီးနေပြီ။