Flash back
"အန်ကယ် ခနလေးနော် ကျွန်တော်ဖုန်းလေးခနလောက်ထွက်ပြောလိုက်ဦးမယ်"
"ဟဲ့စောနကဖုန်းကိုင်သွားတဲ့ကောင်မလေးက ကိုကိုနဲ့လက်ထပ်မယ့်ကောင်မလေးမလား"
"အေး ဟုတ်တယ် ဘာလို့တုန်း"
"ကိုကိုရဲ့ဇနီးလောင်းလေးက ကစ်ကစ်ကို ကိုကို့ကောင်မလေးထင်ပြီး အသံက ၀မ်းနည်းနေတဲ့အသံလေးနဲ့ပြောသွားတာ"
"ဟဲ့ မိကစ် အရူးမဘာကို ကိုကိုတုန်းရူးသွားတာလား"
"ဟဲဟဲနင်ကလည်း"
"ဒါနဲ့ငါ ပေါက်စကိုအရင်သွားရှင်းပြလိုက်ဦးမယ်နော် ပြီးမှပြန်ဆက်လိုက်မယ်ကစ်ကစ် "
"ဟ ခနနေဦးနွားရေ ငါပြောတာအရင်နားထောင်"
"ငါ မနက်ဖြန်သင်တန်းလာခဲ့မယ်"
"အေးလာလေ"
"အဲ့တာ နင့်သဲတုန်းပေါက်စကိုခေါ်ခဲ့ပါလား"
"နင်ကဘာလုပ်မလို့တုန်းမိကစ်"
"တွေ့ချင်လို့ပါ နော်"
"အေးဟာ"
ကစ်ကစ်နဲ့ဖုန်းပြောနေတုန်း
"သားရေ"
"ဗျာ အန်တီ"
"မေမေကပြန်လာခဲ့ပါဦးတဲ့"
"ဟုတ် ဟုတ် အန်တီ"
"အန်ကယ် ကျွန်တော်ပြန်ပြီဗျ"
"အေးအေးသား"
Flash back end
"အကိုကအဲ့တာကြောင့်ညမကိုလာမရှင်းပြရတာပေါ့"
"အွန်း ဟုတ်တယ်"
နှစ်ယောက်သားစကားပြောနေကြတုန်း
ကစ်ကစ်တို့သူငယ်ချင်းရောက်လာတယ်"ကိုကိုတို့ဘာတွေပြောနေကြတာလဲ"
"ဘာမှမပြောပါဘူး လာထိုင်ကြလေ
ပေါက်စကိုယ့်ဘက်ကိုလာခဲ့လေ""အကိုသူရိန် ဒီမှာ နှင်းထိုင်လိုက်မယ်လေ "
"မိနှင်းဒီလာခဲ့"
"အမအဲ့မှာညမထိုင်မှာမလို့နည်းနည်းလမ်းဖယ်ပေးလို့ရမလား"
နှင်းအနည်းငယ်ရှက်သွားပြီး ထပေးလိုက်တယ်
"ပေါက်စမှာလေ "
YOU ARE READING
♡︎No one can fix me♡︎ (Complete)
RomanceStart date- 1/24/22 End date-6/13/22 လပ်ထပ်ပြီးနောက်ပိုင်းရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပုံစံလေး ဖတ်ကြည့်ပါရှင့် Uni and Zawgyi 🩷 normal fic Oc own creation