ညနေ 6နာရီ၌
သူရိန်လည်း ကလေးမပြန်ရောက်ပြီလားသိချင်စိတ်နဲ့ ကလေးမတို့အိမ်ကိုသွားကြည့်ဖို့အခန်းထဲကထွက်လာခဲ့တယ်
"မေမေ သားဟိုဘက်အိမ်ခနသွားလိုက်ဦးမယ်နော်"
"အေးအေး''
ကြည်ဖြူ့အိမ်၌
"အန်တီ ကြည်ဖြူပြန်ရောက်ပြီလား"
"ရောက်ပြီလေသားရဲ့ အပေါ်မှာသူ့သူငယ်ချင်းတွေနဲ့"
"အယ်ဟုတ် ကျွန်တော်အပေါ် သွားလိုက်ဦးမယ်"
သူရိန့်စိတ်ထဲတွင်တော့
(ဒီကလေးမသူငယ်ချင်းတွေနဲ့နေရတာတော်တော်ကြိုက်တဲ့ပုံပဲ အပြင်ကပြန်လာပြီးတောင်သူငယ်ချင်းတွေနဲ့နေနေလိုက်သေးတယ်)
အခန်း အပေါက်၀ရောက်တော့ သူ့သူငယ်ချင်းတွေနဲ့စောင်ထဲကွေးနေတဲ့ပေါက်စ ကိုတွေ့ရတာ ချစ်စရာကောင်းနေရောပဲ
"ပေါက်စ"
ပေါက်စကပြန်မထူးပေမယ့် ပေါက်စသူငယ်ချင်းက
"အော် အကို လာလေ ကြည်ဖြူဘေး၀င်ထိုင်လိုက်"
ပေါက်စသူငယ်ချင်းရဲ့ကောင်းမှုကြောင့်ပေါက်စဘေးထိုင်နေရပေမယ့် ပေါက်စကတော့အဖက်မလုပ်ခဲ့ဘူးလေ နေ့လည်ကပြောလိုက်တာကြောင့်ထင်ပါတယ်
"ပေါက်စ"
"ပေါက်စ"
"ကြည်ဖြူရေ ခေါ်နေတယ်လေဟာ"
ဇာတ်ကားကြည့်နေတဲ့ပေါက်စသူငယ်ချင်းတောင် ကြားတာမလို့၀င်ပြောပေမယ့် ပေါက်စကတော့ဘာမှမထူးပေ
"ပေါက်စ ကိုယ်မုန့်လာပို့တာရော့ဒီမှာထားခဲ့ပြီ"
ပြောပြီးထွက်သွားတဲ့ အကို့ကျောပြင်ကိုပဲငေးကြည့်နေမိတယ်
တကယ်တော့မချစ်တာမဟုတ်ပါ ဘူး စိတ်ဆိုးလို့သာဒီလိုတွေလုပ်နေရတာ
ကလင် ကလင်
"အယ် အကို့ဖုန်းကျန်ခဲ့တယ်"
"ဟယ်လို ကိုကိုလား"
"ဟ"
ကြားလိုက်ရတဲ့နာမ်စားလေးတစ်ခုကြောင့်ခနတာငြိမ်သက်သွားပြီး
YOU ARE READING
♡︎No one can fix me♡︎ (Complete)
RomanceStart date- 1/24/22 End date-6/13/22 လပ်ထပ်ပြီးနောက်ပိုင်းရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပုံစံလေး ဖတ်ကြည့်ပါရှင့် Uni and Zawgyi 🩷 normal fic Oc own creation