ဒီနေ့ မေမေတို့ကိုလေဆိပ်လိုက်ပို့ရမယ့်နေ့
"ကလေးလေးထတော့လေ"
"ထမယ် ခနလေးပဲ"
"ခနလေးလုပ်လို့မရဘူး ဒီနေ့မေမေတို့ကိုလေဆိပ်လိုက်ပို့ရမှာလေ ကိုကိုတောင်ရေချိုးပြီးနေပြီ"
"ဟုတ် ပါပြီ ထပြီ"
"အင်း မိုးအေးတယ် ရေမချိုးနဲ့တော့ အ၀တ်စားနွေးနွေးထွေးထွေး၀တ်ခဲ့"
"ဟုတ်ကဲ့"
"အင်းအဲ့တာဆိုသွားပြီနော်"
"ဟုတ်"
ကြည်ဖြူလည်း ဘာ၀တ်ရမှန်းမသိတာနဲ့ တွေ့တဲ့ဘောင်ဘီရှည်နဲ့အကျီလက်ရှည်လေးကို၀တ်ခဲ့တာပေါ့
"အကိုပြီးပြီသွားမယ်"
"အိုကေသွားမယ် နေဦး ဆံပင်ကဘယ်လိုဖြစ်နေတာလဲ လာ"
ကြည်ဖြူရဲ့ဆံပင်တွေကိုစုကာစည်းပေးလိုက်လေသည်
"ဘယ်အချိန်ကတည်းက ခေါင်းစီးကွင်းတွေဆောင်ထားတာတုန်း"
"ကိုယ့်မိန်းမ လိုအပ်ရင်အဆင်သင့်ဖြစ်အောင်လို့ဆောင်ထားတာပါဗျ"
"ဟုတ်ပါပြီ လာသွားမယ်လေ"
"မေမေရေ မေမေ့ကိုလွမ်းနေရမှာပဲ"
"မေမေလည်းဖုန်းဆက်မယ်လေ မောင်လေးဆီရောက်တာနဲ့ဖုန်းဆက်မယ်နော်"
"ဟင့် မေမေနဲ့ဖေဖေ"
"သမီးလေး ကလေးလည်းမဟုတ်ပဲနဲ့ငိုရဘူးလေ"
"ပေါက်စမငိုရဘူလေ လူကြီးတွေ ခရီးသွားမယ့်ဟာကို"
သူရိန်နည်းနည်းငေါက်လိုက်တော့မှ အငိုတိတ်သွားတယ်
"သားလေးသမီးကိုပျော်အောင်ထားနော် ကြားလား နှစ်ယောက်ရန်မဖြစ်ကြနဲ့နော်"
"ဟုတ်"
"အေးအဲ့တာဆိုမေမေတို့သွားပြီနော်"
"ဟုတ်မေမေ"
"ပေါက်စလာပြန်မယ်"
"ဟုတ်"
"ပေါက်စရဲ့မငိုနဲ့လေ မေမေတို့ကခရီးသွားတာကိုငိုရဘူးလေ"
"ဟင့်မေမေကိုလွမ်းတယ် ဖေဖေ့ကိုကောပဲ"
YOU ARE READING
♡︎No one can fix me♡︎ (Complete)
RomanceStart date- 1/24/22 End date-6/13/22 လပ်ထပ်ပြီးနောက်ပိုင်းရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပုံစံလေး ဖတ်ကြည့်ပါရှင့် Uni and Zawgyi 🩷 normal fic Oc own creation