ကြည်ဖြူမနက်ခင်းနိုးလာတော့ အရင်တုန်းကပုံစံလေးတောင်ပြန်လွမ်းမိတယ် အိမ်ထောင်ရှင်မဖြစ်ခင်ကဘ၀လေးပေါ့
မေမေ့ရဲ့နိုးသံလေးတွေနက် မနက်ကိုစတင်ခဲ့ပါတော့တယ်
" သမီးရေ ထတော့ ဟိုဘက်အိမ် ကမနက်စာလာစားတဲ့"
"ဟုတ် ဟုတ်"
ကြည်ဖြူလည်း အိပ်ယာကထ ပြီးအိပ်ယာသိမ်းတယ် ပြီးတော့ ကိုယ်လက်ရေဆေး အ၀တ်စားလဲပြီးသူရိန့်မေမေတို့အိမ်ကိုထွက်လာခဲ့တယ်
"သမီးလေးရောက်လာပြီလား"
"ဟုတ်တယ်မေမေ"
"ဒီမှာသမီးလေးအတွက်ရှမ်းခေါက်ဆွဲလုပ်ထားတယ်"
"ဟုတ်"
"သူရိန်ရေ ငါလာတယ်ဟ"
"အော် သီဟတို့လာတာပဲလာကြလေ ကစ်ကစ်တို့ကောလာတာပဲ"
"ဟုတ်တယ် ငါတို့အကုန်လာတာ"
"အန်တီ သားတို့ကိုဘာကျွေးမှာလဲ မနက်စာမစားခဲ့ရဘူး"
"အေး ခနထိုင်စောင့်ကြဦး ရှမ်းခေါက်ဆွဲလုပ်လက်စနဲ့လုပ်လိုက်မယ် စားကြမယ်မလား"
"စားမယ်လေ အန်တီ သားတို့ထမင်းစားခန်းမှာပဲထိုင်စောင့်နေတော့မယ်"
"ငယ်လေးရောက်နေတာပဲ"
"ဟုတ်တယ်မမ"
"ထိုင်ကြလေ ငယ်လေးဘယ်သွားမလို့လဲ"
"လူမဆန့်မှာဆိုးလို့"
"ကိုယ့်နားလာထိုင်"
"ဟင့်အင်း"
"လာ ကိုယ့်နားကို သူများတွေထိုင်ဦးမှာလေပေါက်စရဲ့"
"ပေါက်စဆိုတော့"
သီဟကမသိသေးတာမလို့
"ငါ့ဇနီး"
"ဟိတ်ကောင် မင်းလက်ထပ်တာတောင် ငါ့မဖိတ်ဘူးပေါ့"
"ငါလက်ထပ်တုန်းကမင်းကအလုပ်ကိစ္စရှိလို့ ခရီးထွက်နေတာလေ"
"အော်နှင်းလည်းပါတာပဲ"
"ဟုတ်တယ် ကိုသူရိန်"
"အော် မနှင်း မနေ့ကခြေထောက်ခေါက်လဲသွားလို့ဆို မကျိုးသွားတာကံကောင်းတယ်နော်"
YOU ARE READING
♡︎No one can fix me♡︎ (Complete)
RomanceStart date- 1/24/22 End date-6/13/22 လပ်ထပ်ပြီးနောက်ပိုင်းရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပုံစံလေး ဖတ်ကြည့်ပါရှင့် Uni and Zawgyi 🩷 normal fic Oc own creation