"ကလေးကိုကိုယ်ဘယ်လိုချော့ရမှာလဲ"
"ချော့ချင်သလိုချော့ပေ့ါ"
"ကလေးလေးကလည်းစိတ်မဆိုးပါနဲ့ကွာ ကိုယ်ရေခဲမုန့်၀ယ်ကျွေးမယ်လေ"
"ကလေးများမှတ်နေတာလား မုန့်နဲ့မျှားတယ်ဆိုတော့"
"မဟုတ်ပါဘူးကွာ ကလေးစိတ်ဆိုးရင် ဗိုက်ထဲကလေးလေးရုပ်ဆိုးလိမ့်မယ်"
"ဟွန့် စိတ်ဆိုးပြေလိုက်မယ်နော် ရေခဲမုန့်ကြောင့်မဟုတ်ဘူး ကလေးကြောင့်နော်"
"ဟုတ်ပါပြီကွာ မေမေတို့ကိုပြီးရင်ဖုန်းလှမ်းဆက်ကြမယ်နော် မေမေတို့လည်းပျော်သွားမှာ"
"အင်းပါ"
"ဟို ဇွဲပြည့်တို့လာလေ"
"အေး ဂုဏ်ယူပါတယ်ကြည်ဖြူရေ အကိုသူရိန်အတွက်လည်းဂုဏ်ယူပါတယ်"
"ဟုတ်ပါပြီ အခုအိမ်ပြန်ကြမယ်လေ"
"ဟုတ်"
အိမ်၌
"ကြီးမေ ပေါက်စဆေးရုံတင်ခဲ့ရသေးတယ် အခုမှပြန်ခေါ်လာတာ"
"ဟင် သမီးလေးဘာဖြစ်လို့တုန်း"
ကြီးမေကလေးကိုဘယ်လောက်ချစ်လဲဆိုတာကတော့ဆေးရုံတက်ရတယ်ပြောရောချက်ချင်းကြီးကိုစိုးရိမ်းသွားရော
"ကြီးမေရယ် ပေါက်စမှာလေ"
"မြန်မြန်ပြောပါသားရဲ့"
"ပေါက်စမှာလေ သားနဲ့ရတဲ့ကိုယ်၀န်လွယ်ထားရပြီဗျ"
"ဟယ် ၀မ်းသာလိုက်တာကွယ် ဂုဏ်ယူပါတယ် သားရေ"
"သမီးလေး ဘာစားချင်တုန်း စားချင်တာရှိရင်ကြီးမေကိုပြောန်ော"
"ဟုတ်ကဲ့ပါကြီးမေရဲ့ အခုတော့ ခနနားလိုက်ဦးမယ်နော်"
ဇွဲပြည့်တို့ဘက်တွင်
"ဦးမင်းနောင်ထက် ပြောတော့အရေးကြီးဧည့်သည်ဆို"
"ဟုတ်တယ်လေ ဘေဘီရဲ့"
"သွား ဘာဘေဘီမှလည်းလာမခေါ်နဲ့ ကျွန်တော်ကကိုသူရိန်နဲ့တွေ့မယ်ထင်လို့လွှတ်လိုက်တာကို"
"ဘေဘီကလည်းကိုယ်တို့ကလုပ်ဖော်ကိုင်ဘက်တွေလေ"
"မသိဘူးဟာ"
YOU ARE READING
♡︎No one can fix me♡︎ (Complete)
RomanceStart date- 1/24/22 End date-6/13/22 လပ်ထပ်ပြီးနောက်ပိုင်းရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပုံစံလေး ဖတ်ကြည့်ပါရှင့် Uni and Zawgyi 🩷 normal fic Oc own creation