Part - 7⚡

13.8K 736 16
                                    

🔹Unicode🔹

"ဟာ...ဒါကတော့ ဦးအနေနဲ့ လုံး၀လက်မခံနိုင်ဘူး"

တိတ်ဆိတ်နေသော ဧည့်ခန်းတွင် ဦးဇေယျာထင်၏ တအံ့တဩငြင်းဆိုသံသည် ဖုံးလွှမ်းလျက်ရှိသည်။

"ဘာလို့မဖြစ်နိုင်ရမှာလဲ အဖေ"

"သားက အခုမှ ကလေးရှိသေးတယ်"

"ကျွန်တော်ကလဲ ခုလက်ထပ်ချင်တယ်လို့ပြောတာမဟုတ်ပါဘူး"

ဖြစ်စဉ်ကတော့ နွေရာသီပိတ်ရက် ထင်သူငယ်ချင်းတွေနဲ့ ခရီးသွားတုန်း ဦးသက်ဘုန်းနိုင်ထင့်မိဘတွေဆီမှာ ထင့်ကိုလာတောင်းခြင်းဖြစ်သည်။ထင့်အမေဆီမှ ဘာသံမှထွက်မလာသေးသော်လည်း ထင့်အဖေကတော့ အကြောက်အကန်ငြင်းလျက်ရှိသည်။

"ဦးပြောလို့ မပြီးသေးဘူး မောင်သက်ဘုန်းနိုင်"

"ဟုတ် ပြောပါအဖေ"

"မင်းတို့နှစ်ယောက်လုံးက ယောက်ျားသားနှစ်ယောက်ဆိုတာ မင်းသတိရသေးရဲ့လား"

"အဖေ့ကို နိုင်ငံတကာနဲ့ရင်မောင်တန်းပြီးအလုပ်လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်ဆိုတော့ ဒါတွေကို နားလည်နိုင်မယ်ထင်နေတာ"

"ဘာရယ်!"

"ကျွန်တော်ပြောပြတာကို အဖေအေးဆေးနားထောင်ပေးစေချင်ပါတယ်"

"ဘာမှ..."

"နီလာကတော့ သားသက်ဘုန်းနိုင်ပြောတာကို အရင်နားထောင်စေချင်တယ် အကို"

စကားစပြောကထဲက ဘာမှ၀င်မပြောတဲ့ ထင့်အမေက ခင်ပွန်းဖြစ်သူဦးဇေယျာထင်ကိုဖြောင့်ဖျရင်း ပထမဆုံး၀င်ပြောခြင်းဖြစ်သည်။

"ကဲ သားပြော အမေနားထောင်မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အမေ
အဖေသားစပြောတော့မယ်နော်"

ဦး‌ဇေယျာထင်ကတော့ ခေါင်းတစ်ချက်သာဆတ်ပြသည်။

"ကျွန်တော်တို့လူတွေအားလုံးမှာ ဘယ်အချိန်ဘာဖြစ်မယ်ဆိုတာ ဗုဒ္ဓဘာသာအယူအဆအရ ရှိပြီးသားပါ ပြီးတော့သားတို့တစ်သက်လုံးအေးအတူပူအမျှအတူရှိပေးနိုင်မယ့် ဖူးစာရှင်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး ပြီတော့ ကျွန်တော်တို့ဖူးစားရှင်က ယောက်ျားလေးဖြစ်ရမယ် မိန်းကလေးဖြစ်ရမယ်လို့ ကန့်သတ်ချက်ရယ်လို့လဲ အယူအစမရှိပါဘူး ကျွန်တော်ကြားဖူးသလောက်ပါ"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Место, где живут истории. Откройте их для себя