Part - 9⚡

13.2K 710 15
                                    

🔹Unicode🔹

"ဝေလျှံ ငါဗိုက်ဆာတယ်လို့ တစ်ခုခုမှာစားရအောင်"

"ဟင် အစောကမှနေ့လည်စာစားလာတာ မင်းကဆာပြီလား"

"ငါမှမစားတာ အဲ့တုန်းက"

ချောင်းသာရောက်တာ 3ရက်မြောက်ရှိပြီဖြစ်သည်။မိမိတို့ကတော့ သူငယ်ချင်း3ယောက် ရေဆော့တယ် အလည်အပတ်သွားတယ်။အပြင်သွားတဲ့အခါ ဦးသက်ဘုန်းနိုင်က ထင် မျက်လုံးနဲ့ စိုက်ကြည့်မိတာ ဂရုတစိုက်ကြည့်တာ စိတ်၀င်တစားကြည့်တဲ့ ဘယ်အရာကိုမဆို ချက်ချင်းတန်း၀ယ်ပေးသည်။မလိုချင်ဘူးပြောလဲမရ။မစားချင်ဘူးပြောလဲ ဇွတ်၀ယ်ကျွေးသည်။အဲ့တာကအကြောင်းမဟုတ် ရေဆော့တဲ့အချိန်သူကရေထဲလုံး၀မဆင်းပါပဲ six packကြီးပြ၍ လာလာထိုင်ခြင်း။မိန်းကလေးများကလဲ လူသာပြောင်းသွားတယ် ငါ့ကိုကို ငါ့ကိုကိုဆိုသော စကားသံများက တစ်ထပ်တည်းပင်။အဲ့လူကြီးကို အမြင်ကပ်တာနဲ့ပဲ နေ့လည်စာထမင်းတောင်စားမရခဲ့လို့ခုတော့ဗိုက်ကအတော်ဆာနေပြီဖြစ်သည်။

"ဪ အေး အဲ့ဆိုဘာစားမလဲ"

ထိုအချိန် Waiterသုံးယောက် ရောက်ရှိလာပြီး

"ဒီအခန်းအတွက် ဟိုဘက်အခန်းက မှာထားပေးလို့ပါခင်ဗျ"

အုပ်ထားသည်ကို လှပ်လိုက်တော့ တစ်တောင်လိုက်ရှိတဲ့ပုဇွန်ကြီး ထို့အပြင်အခြား seafoodများနဲ့ Cola Pepsi
နဲ့ Orange Juice ရေပါမကျန် အဆင်သင့်။

"ဝါး ပုဇွန်ကြီးက အကြီးကြီးပဲ"

"ဟုတ်ပါတယ်ခင်ဗျ ဒီပုဇွန်က တစ်ပတ်မှ 10ကောင်ထဲ၀င်တာ ဒါတောင် မနေ့ကထဲက ကြိုမှာထားလို့ရတာဗျသဘာ၀အတိုင်းပေါင်းထားတာပါခင်ဗျ"

"ဪ"

ထို့နောက် waiterများလည်း လိုတာရှိရင်ခေါ်လို့ရကြောင်း အသစ်အဆန်းဟင်းပွဲအချို့အကြောင်းရှင်းပြပြီး ပြန်ထွက်သွားကြသည်။

"ထင် ငါစားတော့မယ်နော်"

"ဟ! ဝေလျှံမင်းဘဲအစောက နေ့လည်စာ3ပန်းကန်လောက်စားလာတာမလား"

"2ပန်းကန်ထဲပါကွာ အခုကဟင်းနံ့တွေမွှေးလို့ ဗိုက်ပြန်ဆာလာပြီ"

"ဒါဆိုလဲ ခဏကွာ ငါချောင်းသာကပြန်လာရင် အမှတ်တရpostလေးတင်မလို့ မုန့်လေးတွေဓာတ်ပုံရိုက်အုံးမယ်"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Hikayelerin yaşadığı yer. Şimdi keşfedin